Saturday, October 11, 2014

ကုသိုလ်သုံးမျိုး ကျင့်ရာ၌နှစ်မျိုး


ကုသိုလ်သုံးမျိုး
၁။ ကာမကုသိုလ် = တပ်မက်ခြင်းတင်းလင်းရှိသော
ကောင်းမှု။
၂။ မဟဂ္ဂုတ်ကုသိုလ် = တပ်မက်ခြင်းကို ဈာန်ဖြင့်
ပယ်၍ခံစားသောကောင်းမှု။
၃။ လောကုတ္တရာကုသိုလ် = တပ်မက်ခြင်းကိုမဂ်ဖြင့်
အပြီးပယ်၍ ခံစားသောကောင်းမှု။

တစ်ဖန် ၄င်းသုံးခုကိုသိက္ခာတင်၍ ပြုစီရင်လိုက်သော
အခါ
၁။ သီလ၌တည်၍ပြုကျင့်နေသော ကာမကုသိုလ်။
၂။ သမာဓိ၌တည်၍ပြုကျင့်နေသော ကာမကုသိုလ်။
၃။ ပညာ၌တည်၍ပြုကျင့်နေသော ကာမကုသိုလ်။
မှတ်ချက်။ ။ ထိုသုံးမျိုးတို့တွင် ပညာယှဉ်ကာမ
ကုသိုလ်သည်သာ အမြတ်စားတိဟိတ်ဥက္ကဋ္ဌကုသိုလ်
ပွားနည်းတည်း။
၁။ သီလဈာန်၌တည်၍ုပြုကျင့်နေသောမဟဂ္ဂုတ်
ကုသိုလ်။
၂။ သမာဓိဈာန်၌တည်၍ ပြုကျင့်နေသောမဟဂ္ဂုတ်
ကုသိုလ်။
၃။ ပညာဈာန်၌တည်၍ပြုကျင့်နေသော မဟဂ္ဂုတ်
ကုသိုလ်။
မှတ်ချက် ။ ။ ဤသုံးမျိုး၌လည်း ပညာယှဉ်မဟဂ္ဂုတ်
ကုသိုလ်သည်သာ အမြတ်ဆုံးတည်း။
၁။ မဂ်သီလ၌တည်၍ ပြုကျင့်နေသော လောကုတ္တရာ
ကုသိုလ်။
၂။ မဂ်သမာဓိ၌တည်၍ ပြုကျင့်နေသော လောကုတ္တရာ
ကုသိုလ်။
၃။ မဂ်ပညာ၌တည်၍ ပြုကျင့်နေသော လောကုတ္တရာ
ကုသိုလ်။
မှတ်ချက်။ ။ ဤသုံးမျိုး၌လည်း မဂ်သီလသည်
သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်များ၌တည်၊ မဂ်
သမာဓိသည် မဂ်သမာဓိ၌တည်။ မဂ်ပညာကား
အရဟတ္တဖိုလ်၌တည်ရာ မဂ်ပညာယှဉ်တွဲနေသော
လောကုတ္တရာကုသိုလ်သည်သာ အထွတ်အထိပ်
တည်း။ ဤကားလက်ပွားကုသိုလ်ကိုးပါးတည်း။
ကျင့်ရာ၌နှစ်မျိုး
အထက်ပါသုံးမျိုးကိုးထွေသောကောင်းမှုများကို
ဖြည့်ကျင့်ရာ၌ကား
၁။ စရဏအကျင့် = ပြင်ပအကုသိုလ်ဝင်ခွင့်မပေး
သော အကျင့်။
၂။ ၀ိဇ္ဇာအကျင့် = အတွင်းနေအကုသိုလ်ပယ်သတ်
ပေးသောအကျင့်။
သို့မဟုတ် ကုသိုလ်ဖြစ်ရုံကျင့်ခြင်းနှင့်တိုးပွားသည်
အထိကျင့်ခြင်းနှစ်မျိုး။
စရဏနှင့်ဝိဇ္ဇာ သိက္ခာနှင့်ယှဉ်တွဲလိုက်သောအခါ
ထိုဝိဇ္ဇာစရဏကျင့်စဉ်တွင်လည်း
၁။ သီလ၌တည်သော စရဏအကျင့်။
၂။ သမာဓိ၌တည်သော စရဏအကျင့်။
၃။ ပညာ၌တည်သော စရဏအကျင့် ပေါင်း သုံးဆင့်။
မှတ်ချက်။ ။ ၄င်းတို့တွင် သာမာန်မိရိုးဖလာများ၏
သီလသည် စရဏသီလမျှသာဖြစ်၏။ ထိုသာမန်
သီလတွင် ဂုဏ်တော်မေတ္တာတစ်ပါးပါးအကြား
စိတ်ကို သွင်းနှစ်ထားနိုင်ရုံမျှသည် စရဏသမာဓိ
အရာဝင်၏။ ထိုသမာဓိမှ ကျော်လွှား အဘိညာဉ်
ခွင် တက်နိုင်ပါမူကား စရဏပညာအရာပင်တည်း။
တစ်ဖန်လည်း
၁။ သီလ၌တည်သော ၀ိဇ္ဇာအကျင့်။
၂။ သမာဓိ၌တည်သော ၀ိဇ္ဇာအကျင့်။
၃။ ပညာ၌တည်သော ၀ိဇ္ဇာအကျင့် ပေါင်းသုံးဆင့်။
မှတ်ချက် ။ ။ ခန္ဓာဉာဏ်ဆင့် ကမ္မဋ္ဌာန်းအကျင့်
ကျင့်ရာတွင် ရှုကွက်တွင်းဝယ် အမှတ်မှအမှတ်သို့
ချည်း ဆက်ကျနေတော့ကာ နှုတ်မသောင်းကျန်း
ကိုယ်စိတ်တို့ မရမ်းတော့လျှင် ၀ိဇ္ဇာသီလ။
သမ္မဿနဉာဏ်မှ သစ္စာနုလောမတိုင်အောင်သည်
ဝိဇ္ဇာသမာဓိ။
မဂ်လေးဆင့် ဖိုလ်လေးဆင့်တို့ကား ၀ိဇ္ဇာပညာ။
ဤသို့ခွဲဝေရရာ
ဝိဇ္ဇာယှဉ်ပညာကား အစွာဆုံးတည်း။
အထက်ပါစရဏနှင့် ၀ိဇ္ဇာကျင့်စရာ ခြောက်ဆင့်
တို့ဖြင့် ထိုသုံးမျိုးကိုးထွေသော ကုသိုလ်တို့ကို
ပြုကျင့်ပါချေသော်
၁။ ကာမကုသိုလ်၌လည်း သုစရိုက်ဆယ်ပါး
ပုညကိရိယာဝတ္ထုဆယ်ပါး အားလုံးပင်ပါသွား
တော့ချေပြီ။
၂။ မဟဂ္ဂုတ်ကုသိုလ်၌လည်း နည်းအတူပင်
ရှိချေ၏။
၃။ လောကုတ္တရာကုသိုလ်၌လည်း ၄င်းအတိုင်း
ပင်မှတ်ယူရာသည်။
သုံးမျိုးကိုးဆင့်တို့က တစ်မျိုး သုစရိုက်တို့က
တစ်ဖုံ၊ ပုညကိရိယာများက တစ်သန့်မဟုတ်
ကြပါကုန်။ ပမာဆိုရသော်
ထမင်းဝိုင်းကြီးတစ်ဝိုင်းအတွင်းဝယ်
ထမင်းကား ဒိုင်ခံ၊ ဟင်းသုံးခွက်အရန်ထား
စားမည်ပြုရာ ဟင်းတစ်မျိုးတစ်မျိုးလျှင်သူနှင့်
ဟပ်စပ်ရာ ဆီ၊ ဆား၊ ချင်း၊ ငရုတ်၊ နနွင်း၊
ကြက်သွန်များကိုယ်စီပါလျက်က ရှိကြချေ၏။
ထိုထမင်း ထိုဟင်းများ နယ်ဖတ်၍ ခွံ့ပေးလိုက်
သောအခါ တစ်မျိုးစီအလိုက် ၀ါးရကိုက်ရလုပ်ရ
တော့၏လော။
မဟာဗောဓိမြိုင်ဆရာတော်
ဝန၀ါသီဉေယျဓမ္မသာမိထေရ်

No comments:

Post a Comment