Saturday, October 11, 2014

ရှေ့စိတ်ကိုနောက်စိတ်ကသိတာ - အရှင်ပုညာနန္ဒာ


တရားကိုကြိုးစားအားထုတ်ဖို့ လုံ့လ၀ီရိယတွေကို
သန်သန်ထွားထွားမွေးပြီး ကိုယ်အဓိဋ္ဌာန်ထားတဲ့
တစ်နာရီအတွင်းမှာ သက်တောင့်သက်သာလေး
နဲ့ အရှုခံလေးတွေရဲ့ပရမတ်သားပေါ်မှာ ဉာဏ်
အမြင်လေးတွေနဲ့ကောင်းစွာဆန်းစစ်ရင်း ရှုတတ်
အောင် သင်ပေးမှာပါ။ ကိုယ်ရဲ့ပေါ်ရာထင်ရှားရာ
အာရုံမှာပဲရှုရှု၊ နှာသီးဝအာရုံလေးမှာပဲကြည့်ကြည့်
အရှုခံတရားလေးတွေဟာ အရှုဉာဏ်အောက်မှာ
သိစရာအာရုံရယ် သိတာရယ် အရှုခံမှန်သမျှက
သိစရာအာရုံချည်းပဲ၊ အရှုဉာဏ်က သိသွားတာ
ဒီနှစ်မျိုးပဲရှိတယ်။ သိစရာအာရုံကို သိတဲ့အလုပ်
နဲ့ ကြိုးစားနေကြတာ။ ကိုယ်ရှုနေကျအရှုခံအာရုံ
လေးကို နှာသီးဝလေးမှာ ထားတော့ ရှုသွင်းခိုက်
မှာ တိုးတာ အေးတာ၊ ရှုထုတ်ခိုက်မှာ တိုးတာ
နွေးတာ၊ ကိုယ်ပေါ်မှာ အာရုံစိုက်တော့ နာတယ်၊
ကျင်တယ်၊ ကိုယ်တယ်၊ ခဲတယ်လို့ ကိုယ်နဲ့စပ်ပြီး
သိတာ ထင်ရှားတဲ့အရှုခံရုပ်ကို အလေးပေးရှုတော့
ကာယနုပဿနာသတိပဋ္ဌာန်ဖြစ်တာပဲ။ ဒီအပေါ်မှာ
အာရုံအဖြစ်နဲ့ ခံစားပြီးတော့ ၀မ်းသာတဲ့သဘော၊
ဝမ်းနည်းတဲ့သဘော၊ ကောင်းတယ် မကောင်းဘူး
လို့ မသုံးသပ်တော့ဘဲနဲ့ အလယ်အလတ်ခံစားတဲ့
သဘော ရယ်လို့ ဝေဒနာကလည်း သုံးမျိုးပဲရှိတာ။
အဲဒီဝေဒနာကို ကြိုးစားပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်ကလည်း
ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြစ်သွားတာပဲ။
ဒါတွေပေါ်မှာ လိုက်လိုက်ပြီး သိသိသွားတဲ့ သိတတ်
တဲ့ သဘောစိတ်ကို အာရုံပြုရှုတော့လည်း ရှေ့အသိ
စိတ်ကလေးကို နောက်အသိစိတ်က အစားထိုးပြီး
အကဲခတ်တိုင်းမှာ ရှေ့အသိစိတ်အာရုံလေးကပြန်
ပြီး ကြည့်တာပဲ။ ရှေ့စိတ်ကိုနောက်စိတ်နဲ့အကဲ
ခတ်နေတာပဲ။ အဲဒီလိုစိတ်ကလေးတွေပေါ်တိုင်း
ပေါ်တိုင်းရှုသွားရင် စိတ္တာနုပဿနာသတိပဋ္ဌာန်
ဖြစ်တာပဲ။ ရုပ်ဝေဒနာစိတ်လို့ကောင်းစွာသိလို့
ပေါ်ရာအရှုခံကလေးတွေမှာ ရုပ်ပေါ်လည်းရုပ်ကို
ကောင်းစွာရှုနိုင်တယ်။ ဝေဒနာပေါ်လည်းဝေဒနာ
ကို ကောင်းစွာရှုနိုင်တယ်။ စိတ်ပေါ်လည်းစိတ်ကို
ကောင်းစွာရှုနိုင်တယ်။ ပေါ်ရာအရှုခံကလေးတွေ
ကို လိုက်လိုက်ပြီး ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ် ပေါ်ရာ
အရှုခံအာရုံမှာ အာရုံပြုရှုနိုင်ရင် ဓမ္မာနုပဿနာ
သတိပဋ္ဌာန်ဖြစ်တာပဲ။

ဘယ်သတိပဋ္ဌာန်ကိုပဲရှုရှု ကိုယ့်ရဲ့စရိုက်ကိုယ်ရဲ့
ကမ္မဋ္ဌာန်းညီဖို့အရေးကြီးတယ်။ ရွေးတတ်ဖို့အရေး
ကြီးတယ်။ သတိပဋ္ဌာန်လေးပါးမှာ တစ်ပါးပါးကိုရှု
နိုင်ရင် နိဗ္ဗာန်ရောက်တာချည်းပဲ။ နိဗ္ဗာန်ရောက်ဖို့
အရေးမှာ ကိုယ့်မှာ ဘာစရိုက်ရှိလည်း အဲဒီရှိတဲ့
စရိုက်နဲ့အခု အရှုခံအာရုံအဖြစ်ပြမယ့် ကမ္မဋ္ဌာန်း
လေးမျိုးထဲက တစ်မျိုးကိုရွေးရမှာ။ အဲဒီရွေးဖို့က
ကိုယ့်ရဲ့စိတ်မှာ ကိုယ်ဘာစရိုက်ရှိတယ်ဆိုတာ
အသိဆုံး၊ ကိုယ့်မှာက လိုချင်ရမ္မက်အားကြီးမယ်။
ဉာဏ်ကလည်း နုတယ်ဆိုရင် ကိုယ်နဲ့စပ်ပြီးထင်ရှား
တဲ့ ရုပ်အရှုခံကာယနုပဿနာသတိပဋ္ဌာန်ကိုရှုပါ။
လိုချင်ရမှုအားကြီးတယ်။ ငါစွဲလည်းအားကြီးတယ်။
ဉာဏ်ကလည်းနုံတယ်။ အဲဒီပုဂ္ဂိုလ်အတွက်က
စိတ္တာနုပဿနာရှုပါ။ စိတ်ကိုအလေးပေးရှုပါ။
ကိုယ့်မှာဘာစရိုက်ရှိတယ်ဆိုတာကို သိပါတယ်။
လိုချင်ရချင်မှုက များတယ်။ ဉာဏ်ကထက်တယ်။
အဲဒီပုဂ္ဂိုလ်ကျတော့ ဝေဒနာနုပဿနာသတိပဋ္ဌာန်
ရှုရမယ်။ လိုချင်ရချင်မှုလည်းနည်းတယ်။ ဉာဏ်
ကလည်းထက်တယ် အဲဒီပုဂ္ဂိုလ်ကျတော့ ဓမ္မာ
နုပဿနာကိုရှုရပါတယ်။ ကိုယ့်ရဲ့စရိုက်နဲ့ရွေး
ချယ်ရမယ့် ကမ္မဋ္ဌာန်းရှင်းသွားပါပြီ။ အဲဒီလိုရှင်း
သွားတော့ ကိုယ်ရှုရမယ့်အရှုခံကမ္မဋ္ဌာန်းအပေါ်
မှာ အမြင်အသိကို စင်ကြယ်သထက်စင်ကြယ်
အောင်ရှုရတော့မယ်။ ရုပ်ကိုပဲအလေးပေးလို့ရှု
ရှု၊ ဝေဒနာစိတ်ကိုပဲ အလေးပေးလို့ရှုရှု၊ ရှုရတဲ့
အခါမှာ မြင်ရတဲ့အမြင်က ရေပြင်ရေပွက်ဆိုတဲ့
ဥပမာကိုပြန်ပြီးတော့မြင်ပါ။ နှာခေါင်းနှာသီးဆိုတဲ့
ရေပြင်၊ ခေါင်း၊ ခါး၊ ခြေ၊ လက်ဆိုတဲ့ ရေပြင်ပေါ်
မှာ ရှုသွင်းခိုက်တို့သဘော၊ ရှုထုတ်ခိုက်တို့သဘော၊
ရှုသွင်းခိုက်အေးသဘော၊ ရှုထုတ်ခိုက်နွေးသဘော
ဆိုတဲ့ ရေပွက်လေးပွက်တိုင်း ပွက်တိုင်းမြင်အောင်
ကြည့်ပါ။ အဲဒီလိုမြင်အောင်ကြည့်နိုင်ရင် ဉာဏ်နုံ
ပြီး လောဘစရိုက်အားကြီးတဲ့ ပုဂ္ဂိုလ်အတွက်
ရုပ်ကမ္မဋ္ဌာန်းထင်ရှားစွာသိပါပြီ။ ခေါင်း၊ ခါး၊ ခြေ၊
လက်ဆိုတဲ့ ရေပြင်ကို ခွာလှန်ပြီး နာသဘော။
ကျင်သဘော၊ ကိုက်သဘော၊ စူးသဘော၊ တုန်
သဘော၊ ခုန်သဘော အဲဒီကိုယ်နဲ့စပ်ပြီး ပွက်
လာတဲ့ ရေပွက်ကလေးတွေကို မြင်အောင်ကြည့်
ပါ။
ပွက်တိုင်းပွက်တိုင်း ကိုယ်နဲ့စပ်ပြီးရှုနိုင်ရင် လောဘ
စရိုက်အားကြီးပြီး ဉာဏ်နုံတဲ့ပုဂ္ဂိုလ်များအတွက်
ကာယနုပဿနာရုပ်တရားကို ကောင်းစွာရှုတတ်
သွားပြီ။ ရှုပုံရှုနည်း သင်ပေးနေတာ ဝေဒနာကိုရှု
တဲ့ ဉာဏ်သွက်ပြီး လိုချင်ရချင်မှုအားကြီးတဲ့ပုဂ္ဂိုလ်
ကျတော့ ဟာဒယ၀တ္ထုနှလုံးသားမှာ အာရုံစိုက်၊
ဝေဒနာဆိုတာက နာမ်တရားကိုယ်နဲ့စပ်ပြီးပေါ်တဲ့
ဒုက္ခဝေဒနာ၊ သုခဝေဒနာဆိုတာက ယောဂီသူ
တော်စင်များ အတွက်ကို သတိပဋ္ဌာန်အတွက်
သင်ပေးနေတာ၊ ၀ိပဿနာဉာဏ်အရာမှာကျ
တော့ စိတ်နဲ့စပ်ပြီးပေါ်တဲ့ နာမ်တရားလေး
ဝေဒနာကို ကောင်းစွာကြိုးစားရှုရမှာ ဒါကြောင့်
မို့လို့ ဝေဒနာကိုရှုတဲ့ပုဂ္ဂိုလ်ကျတော့ အရှုခံရုပ်
တရားလေး ဘယ်နားမှာပေါ်ပေါ် ပရမတ်သား
ကို ရောက်အောင်သိလိုက်လို့ကြည့်လိုက်ရင်
အရှုခံဟာ အရှုဉာဏ်အောက်မှာ ကောင်းစွာ
မြင်ရတယ်။ သာယာတဲ့ဘက်လည်း မသွား၊
မသာယာတဲ့ဘက်လည်း မသွားဘဲ ဥပေက္ခာ
ဝေဒနာလေးနဲ့တစ်တန်းထဲထားပြီးရှုနိုင်တယ်။
တစ်နည်းပြောရရင် မိုးကုတ်ဆရာတော်ဘုရား
ကြီးမှာတဲ့အတိုင်း အရှုခံအာရုံအပေါ်မှာတစိမ်း
အမြင်နဲ့ရှု။ ကိုယ်နဲ့မဆိုင်တဲ့အမြင်မျိုးရောက်
အောင်ကြည့် အဲဒါသည် ဥပေက္ခာဝေဒနာပါ။
အရှုခံတရားအပေါ်မှာ ကိုယ်နဲ့မဆိုင်တဲ့အမြင်
မျိုး တစိမ်းဆန်တဲ့အမြင်မျိုးအဲဒီအမြင်မျိုးကို
ကြည့်ရင် သာယာတဲ့ဘက်လည်း မသွားဘူး။
မကျေနပ်တဲ့ဘက်ကိုလည်း မသွားဘူး။
မကျေနပ်တဲ့ဘက်ကိုလည်းမစောင်းတော့ဘူး။
ဖောက်ပြန်ကာမှမတ်တပ် အရှုခံရုပ်ပေါ်မှာ
ရုပ်မှန်းသိတယ်။ ခံစားတဲ့အပေါ်မှာခံစားတဲ့
အမှန်အတိုင်းသိ၊ အဲဒီလိုအမှန်အတိုင်းသိရင်
ဥပေက္ခာဝေဒနာဖြစ်ပြီ။ ဒါကြောင့်မို့လို့ ဝေဒနာ
ဝေဒနာနဲ့ပြောတော့ ပြောကြတယ်။ ဝေဒနာ
ရဲ့အစစ်အမှန်ပေါ်ရာနေရာကို ကောင်းစွာ
အာရုံမညွှတ်တတ်ဘူး။ နာတာကြီးကိုပေကြည့်
ပြီး ဝေဒနာလုပ်တယ်။ အဲဒါတွေသက်သာသွား
လို့ ဖြစ်ပေါ်လာတဲ့သုခဝေဒနာကျတော့ မရှုကြ
ဘူး။ ဒုက္ခဝေဒနာကျမှ သူတို့က အာရုံပြုပြီးရှု
ကြတာ အဲဒီဒုက္ခကလည်း ကိုယ်ပေါ်မှာပေါ်တဲ့
ရုပ်ကိုသွားကြည့်ရင် ရုပ်ရှုတာ။ စိတ်မှာဖြစ်တဲ့
ခံစားမှုကို ကြည့်မှဝေဒနာရှုတာ၊ ဒါကြောင့်မို့လို့
ကိုယ်ကြိုးစားရှုတဲ့ အရှုခံတွေပေါ်မှာ လည်း
ကွဲကွဲပြားပြားနဲ့ ရုပ်နဲ့ဝေဒနာကိုလည်းပိုင်းခြား
သိကြပါ။ ဝေဒနာဆိုတာ စိတ်နဲ့စပ်ပြီးပေါ်လာ
တယ်။ ကောင်းတယ်လို့လှိုက်ခနဲဖြစ်သွားတော့
သောမနဿဝေဒနာလေးပေါ်လာတယ်။
မကောင်းဘူးလို့စိတ်ထဲမှာညစ်လာတဲ့သဘော
လေးကိန်းလာရင်လည်း အဲဒါသည် ဒေါမနဿ
ဝေဒနာလေးဖြစ်လာပြီ။ ဒါလည်းပဲအရှုခံဝေဒနာ
ဝေဒနာကို အာရုံပြုပါ။ ဉာဏ်ကကောင်းစွာမြင်
လာပါလိမ့်မယ်။ အဲဒီလိုစိတ်နဲ့စပ်ပြီးပေါ်လာတဲ့
ဝေဒနာကိုရှုတတ်ရင်တော့ ဝေဒနာနုပဿနာ
သတိပဋ္ဌာန်ကို ကောင်းစွာထင်တဲ့ ပုဂ္ဂိုလ်ပါ။
ဟဒယ၀တ္ထုရေပြင်ကြီးပေါ်မှာ စိတ်ကို တွယ်ပြီး
တော့ ကောင်းတယ်လို့ခံစားတဲ့ ဝေဒနာရေပွက်
လေးလာပွက်တာ။ အဲဒီပွက်တဲ့ရေပွက်ကလေး
ကို မြင်အောင်ကြည့်ရင် ဟဒယ၀တ္ထုနှလုံးသား
တို့ ရင်ချိုင့်တို့ဆိုတာ မရှိတော့ဘူး။ ပညတ်အ
ထည် ကိုယ်ကြီးပျောက်သွားပြီးတော့ ပရမတ်
ကို မြင်အောင် ကြည့်တတ်သွားရင် ဝေဒနာကို
ကောင်းစွာရှုတတ်သွားပြီ။
ဒါကြောင့်မို့လို့ ဝေဒနာ ဝေဒနာ နဲ့ပြောတော့ ပြော
ကြတယ်။ ရှုတော့ ရှုကြတယ်။ ဝေဒနာရဲ့အစစ်
အမှန်ပေါ်ရာနေရာကို ကောင်းစွာအာရုံမညွှတ်တတ်
ဘူး။ နာတာကိုပေကြည့်ပြီး ဝေဒနာလုပ်တယ်။ ကျင်
တာကိုပေကြည့်ပြီး ဝေဒနာလုပ်တယ်။ အဲဒါတွေ
သက်သာသွားလို့ ဖြစ်ပေါ်လာတဲ့သုခဝေဒနာကျ
တော့ မရှုကြတော့ဘူး။ ဒုက္ခဝေဒနာကျမှ သူတို့က
အာရုံပြုပြီး ရှုနေကြတာ အဲဒီဒုက္ခကလည်းကိုယ်
ပေါ်မှာ ပေါ်တဲ့ရုပ်ကိုသွားကြည့်ရင် ရုပ်ကိုရှုတာ
စိတ်မှာဖြစ်တဲ့ ခံစားမှုကိုကြည့်မှ ဝေဒနာရှုတာ။
ဒါကြောင့်မို့လို့ ကိုယ်ကြိုးစားရှုနေတဲ့ အရှုခံတွေ
ပေါ်မှာလည်း ကွဲကွဲပြားပြားနဲ့ ရုပ်နဲ့ဝေဒနာကိုလည်း
ပိုင်းခြားသိကြပါ။ ဝေဒနာဆိုတာ စိတ်နဲ့စပ်ပြီးပေါ်
လာတယ်။ ကောင်းတယ်လို့ ၀မ်းသာတဲ့ လှိုက်ခနဲ
ဖြစ်သွားတော့ သောမနဿဝေဒနာလေးပေါ်လာ
တယ်။ သိလိုက်တာနဲ့သူလည်း ဉာဏ်အောက်မှာ
ပျောက်သွားတာပဲ။ မကောင်းဘူးလို့စိတ်ထဲမှာ
ညစ်လာတဲ့ သဘောလေးကိန်းလာရင်လည်း
အဲဒါသည် ဒေါမနဿဝေဒနာလေးဖြစ်လာပြီ။
ဒါလည်းပဲအရှုခံဝေဒနာ၊ ဝေဒနာကိုအာရုံပြုပါ။
ဉာဏ်ကကောင်းစွာမြင်လာပါလိမ့်မယ်။ အဲဒီလို
စိတ်နဲ့စပ်ပြီးပေါ်လာတဲ့ဝေဒနာကို ရှုတတ်ရင်တော့
ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ကောင်းစွာထင်
တဲ့ပုဂ္ဂိုလ်ပါ။ ဟာဒယ၀တ္ထုရေပြင်ကြီးပေါ်မှာစိတ်
ကို မှီတွယ်ပြီးတော့ ကောင်းတယ်လို့ခံစားတဲ့
ဝေဒနာရေပွက်လေး လာပွက်တာ။ အဲဒီပွက်တဲ့
ရေပွက်ကလေးကို မြင်အောင်ကြည့်ရင် ဟာဒယ
ဝတ္ထုနှလုံးသားတို့ ရင်ချိုင့်တို့ဆိုတာ မရှိတော့ဘူး။
ပညတ်အထည်ကိုယ်ကြီး ပျောက်သွားပြီးတော့
ပရမတ်ကိုမြင်အောင်ကြည့်တတ်သွားရင် ဝေဒနာ
ကိုကောင်းစွာရှုတတ်သွားပြီ။
ငါစွဲအားကြီးပြီးဉာဏ်နုံတဲ့ပုဂ္ဂိုလ်ကျတော့လည်း
အဲဒီဟာဒယ၀တ္ထုဆိုတဲ့ရေပြင်ကြီးပေါ်မှာဖျတ်ကနဲ
လောဘစိတ်ကလေးပေါ်လာတယ်။ ဒေါသစိတ်က
လေးပေါ်လာတယ်။ လိုချင်ရချင်တဲ့ စိတ်လေးတွေ
ကိုယ်ရဲ့သန္တာန်မှာ ကိန်းလာတယ်။ ကြံစည်တဲ့စိတ်
ကလေးတွေ တွေးတောတဲ့စိတ်လေးတွေ ကိုယ်ရဲ့
သန္တာန်မှာ ကိန်းလာတယ်။ ကြံစည်တဲ့စိတ်ကလေး
တွေ တွေးတောတဲ့စိတ်ကလေးတွေ အလိုမကျတဲ့
စိတ်ကလေးတွေတစ်ခုပြီးတစ်ခုပြနေတော့အဲဒီပြ
နေတဲ့သဘောတရားလေး လောဘစိတ်ပေါ်လည်း
ဟဒယ၀တ္ထုရေပြင်ပေါ်မှာ စိတ်ရေပွက်လေးလာ
ပွက်တာ။ ဒေါသစိတ်လေးပေါ်လာရင်လည်း ဟာ
ဒယ၀တ္ထုရေပြင်ပေါ်မှာ စိတ်ရေပွက်ကလေးလာ
ပွက်တာ။ အဲဒီလိုပွက်တိုင်းပွက်တိုင်းကိုမြင်အောင်
ကြည့်လိုက်ပါ။ မြင်အောင်ကြည့်နိုင်ပြီဆိုရင် သတိ
ပဋ္ဌာန်လေးပါးထဲက ကိုယ့်စရိုက်နဲ့ညီတဲ့စိတ်ကို
ကိုယ်ရှုတတ်လာပြီ။ အဲဒီလိုရှုရာကနေပြီး နေပြင်
ရေပွက်ကို ကောင်းစွာခွဲခြားတတ်သွားတော့သတိ
ပဋ္ဌာန်လေးပါးကို ဘယ်နေရာကနေ အာရုံပြုပြု
ပြုတတ်သွားပြီ။ အဲဒီပြုရာကနေပြီးတော့မှအမြင်
ဉာဏ်အောက်မှာ ဖြစ်ပျက်မြင်ရအုံးမယ်။ ဖြစ်ပျက်
ကိုရှုတဲ့အခါကျတော့ နှာခေါင်း၊ နှာသီးဆိုတဲ့နေရာ
ရေပြင်ပေါ်မှာပွက်လာတဲ့ တိုးသဘော၊ အေးသဘော၊
နွေးသဘောဆိုတဲ့ ရေပွက်ကလေး ပွက်တိုင်းပွက်
တိုင်းမှာ နှာခေါင်းနှာသီးဆိုတဲ့ ရေပြင်မပါစေနဲ့၊
အတင်းဇွတ်ဖျောက်ခိုင်းတာမဟုတ်ပါ။ ပွက်တဲ့
ရေပွက်ကလေးကိုသာ အာရုံစိုက်ရင် အေးကနဲ
ပွက်လာတဲ့ရေပွက်ကလေး ဉာဏ်လေးနဲ့ကြည့်
တော့ အေးကနဲဆိုတဲ့ ဖောက်ပြန်တဲ့ ရုပ်အရှုခံလေး
ဟာ တကယ်ရှိပါတယ်။ တကယ်ရှိတဲ့ ရုပ်အရှုခံရေ
ပွက်ကလေးကို တကယ့်ဉာဏ်ကလည်း အာရုံပြု
ကြည့်လိုက်တော့ မရှိတာကိုမြင်လိုက်တာပါ။
ရှိရာက မရှိရာကိုမြင်တာ ၀ိပဿနာတဲ့။ သြော်
ဝိပဿနာဆိုတာ အခက်ကြီးမဟုတ်ပါလား။
ရေပွက်ကလေးရဲ့သဘော ပွက်တာကိုလည်းသိ
လိုက်တယ်၊ ပွက်တာကလေးကို ဉာဏ်နဲ့ကြည့်လိုက်
တော့ ပျက်သွားတာကိုမြင်လိုက်တာပါလား။ ရေပွက်
ကလေးသည် တကယ်ရှိတဲ့ ရုပ်အရှုခံ၊ ရေပွက်ကလေး
သည် တကယ်ရှိတဲ့ ဝေဒနာအရှုခံ၊ စိတ်မှာလာပြတယ်။
ရေပွက်ကလေးသည် တကယ်ရှိတဲ့ အရှုခံဟဒယ၀တ္တု
ရေပြင်ပေါ်မှာ စိတ်တည်းဟူသော ရေပွက်လေး
တကယ်ရှိတယ်။ အဲဒီအရှုခံလေးတွေကိုတကယ့်
ဉာဏ်လေးနဲ့ကြည့်တော့ ရုပ်အရှုခံကြည့်လည်းမရှိ
တာမြင်ရတယ်။ ဝေဒနာအရှုခံကြည့်လည်း မရှိတာ
မြင်ရတယ်။ စိတ်အရှုခံကြည့်လည်း မရှိတာဘဲမြင်ရ
တယ်။ တစ်ဆင့်ပြီးတစ်ဆင့်နားလည်အောင်ရှုတတ်
အောင် သင်ပေးနေတယ်။ အရှုခံတရားတွေနဲ့ကိုယ့်
စရိုက်နဲ့ညီတာကို ရွေးချယ်ပြီး သတိပဋ္ဌာန်လေးတွေ
ဖြစ်အောင် ရုပ်ဝေဒနာစိတ်ရဲ့ပေါ်ပုံလေးတွေနဲ့တကွ
သိအောင် ရှေးဦးစွာသင်ပေးတယ်။ အဲဒီအသိလေး
တွေကနေပြီး ဖြစ်ပျက်မြင်ဖို့အရေးကို တစ်ဆင့်တက်
ပြီးတော့ သင်ပေးတာပါ။
အဲဒီလိုရှုတိုင်း ရှုတိုင်းမှာ ရှေးဦးစွာသိခဲ့တုန်းက သတိ
ပဋ္ဌာန်နယ်တုန်းက ရုပ်ကိုရုပ်မှန်းသိတယ်။ ဝေဒနာကို
ဝေဒနာမှန်းသိတယ်။ စိတ်ကိုစိတ်မှန်းသိတယ်။ တကယ့်
ဉာဏ်နဲ့ရှုလိုက်တဲ့အခါကျတော့ ရုပ်မတွေ့ရတော့ဘူး။
မရှိတာလေးတွေ့ရတယ်။ ဝေဒနာလေးမတွေ့ရတော့
ဘူး။ မရှိတာလေးမြင်ရတယ်။ စိတ်ကိုမတွေ့ရတော့
ဘူး။ စိတ်မရှိတာလေး မြင်ရတယ်။ အဲဒီလိုမရှိတဲ့
သဘောကိုမြင်မှ ၀ိပဿနာဖြစ်တာ။ ဒါကြောင့်ရှိရာက
မရှိတာကိုမြင်တာ ၀ိပဿနာ၊ ရုပ်အရှုခံဖောက်ပြန်မှု
က တကယ်ရှိတဲ့ရုပ်တရား။ စိတ်တကယ်ရှိတဲ့ တရား
တကယ်ရှိတဲ့တရားလေး တကယ့်ဉာဏ်နဲ့ကြည့်လိုက်
တော့ မရှိတာလေးကိုမြင်လိုက်တာ ၀ိပဿနာပဲ။
တစ်နည်းပြောရင် ရှေ့အသေကို နောက်မရှင်နဲ့ရှု
တာ ၀ိပဿနာ၊ အေးသဘော၊ နွေးသဘောဆိုတဲ့
အရှုခံရုပ်သဘောလေးဟာ ပေါ်ကာစက အရှင်လေး
ပေါ့။ အဲဒီအရှင်လေးဟာ နောက်ဉာဏ်အရှင်လေး
လည်း အာရုံပြုလိုက်တော့ သေသွားပြီး။ ရှေ့က
အရှုခံအသေလေးကို နောက်အရှုဉာဏ်အရှင်လေး
က အာရုံပြုရှုလိုက်တာ။ ဒါကြောင့် ရှေ့အသေကို
နောက်အရှင်နဲ့မြင်အောင်ကြည့်တာ ၀ိပဿနာ။
သြော် ၀ိပဿနာဆိုတာ အခက်ကြီးမဟုတ်ပါလား။
သိစရာအာရုံလေးတွေကို နောက်ဉာဏ်လေးက
အကဲခတ်နေတာပဲ၊ သေသွားတာကိုမြင်တယ်။
ပျက်သွားတာကိုမြင်တယ်။ အဲဒီလိုမြင်အောင်ကြည့်
နိုင်ရင် ကိုယ့်ရဲ့သန္တာန်မှာ ၀ိပဿနာဉာဏ်ပေါ်ပါပြီ။
အာရုံတစ်ပါးစိတ်မသွားပါစေနဲ့။ ဖြစ်ပျက်ဖြစ်ပျက်လို့
မဖြစ်အနေသင်ပေးတဲ့အခါကျတော့ ကိုယ်တကယ်
ရှိတဲ့ တရားပေါ်မှာ တကယ့်ဉာဏ်နဲ့မြင်ရမယ့်အမြင်
ကို ကြားဖူးနားဝ ဗဟုသုတတွေက မှန်းပြီးတော့ရွတ်
ဆိုခြင်းနဲ့ ဖြစ်ပျက်ရှုနေကြတယ်။ အတိတ်ကိုမျှော်ပြီး
တော့လည်း ဖြစ်ပျက်ရှုကြတယ်။ အနာဂတ်ကိုလည်း
မဟုတ် ပစ္စုပ္ပန်တည့်တည့်အရှုခံကို ဉာဏ်ကအာရုံပြု
သိရုံပါပဲ။ သြော် ဉာဏ်ဆိုတဲ့အရာဟာ မပျက်တော့
ဘူးလားဆိုတော့ ပျက်သွားတာပဲ။ အရှုခံဉာဏ်လေး
ပျက်သွားတယ်။ အရှုခံလေးဖျက်ကနဲအစားထိုးလာ
တယ်။ အဲဒီအရှုခံလေးအပျက်ကို နောက်ဉာဏ်က
အာရုံပြုမရှိတာလေးကို မြင်ရပြန်တယ်။ အဲဒီအရှု
ဉာဏ်လေးလည်းပဲ ပျက်သွားပြန်တယ်။ ပျက်သွား
တဲ့အခါမှာ အရှုခံတရားက ပြန်ပေါ်တယ်။ ရုပ်ထင်
ရှားရင် ရုပ်ပေါ်မယ်။ ဝေဒနာထင်ရှားရင် ဝေဒနာ
ပေါ်မယ်။ ဘယ်အရှုခံပဲပေါ်ပေါ် အရှုဉာဏ်လေး
ချုပ်သွားတော့မှ အရှုခံပြန်ပြတယ်။
အဲဒီအရှုခံကို အရှုဉာဏ်က ပြန်အာရုံပြုတော့အပျက်
မြင်ရပြန်တယ်။ အရှုဉာဏ်လည်း ဖြစ်ပျက်တာပဲ။
အရှုခံလည်း ဖြစ်ပြီးပျက်တာပဲ။ အဲဒီဖြစ်ပျက်တာ
သည် သင်္ခတနယ်ပါ။ အဲဒီသင်္ခတနယ်မှာဖြစ်ပျက်
တွေရှိနေပြီး ကိုယ့်ဉာဏ်က ကိုယ်ရှုနေတဲ့ ကိုယ်အာရုံ
စိုက်ပြီးသိသာထင်ရှားတဲ့ ကိုယ့်စရိုက်နဲ့ညီတဲ့ကမ္မဋ္ဌာန်း
တစ်မျိုးမျိုးကို ဖြစ်ပျက်တွေမြင်အောင်ကြိုးစားရှုရင်း
အပျက်တွေလည်းဆုံးသွားရော မဖြစ်မပျက်တော့တဲ့
နေရာကို ကောင်းစွာအာရုံပြုပါတယ်။ ဒါကြောင့်သူ
တော်စင်များအတွက် ကြိုးစားပြီးရှုတဲ့နေရာမှာ ၀ိပဿနာ
ဉာဏ်ပေါ်တဲ့ပုဂ္ဂိုလ်သည် (၂)မျိုးကို အလုပ်လုပ်ပါတယ်။
ရှေ့ပိုင်းက ဖြစ်ပျက်ကိုမြင်တဲ့အတွက် အရှုခံခန္ဓာကလေး
တွေရဲ့ အသေ အသေလေးတွေကိုမြင်လို့ ရှေ့ပိုင်းက
ခန္ဓာစွန့်ပါသည်။ နောက်ပိုင်းကလည်းပဲ ဉာဏ်ကအာရုံ
ပြုပြီးတော့ ဖြစ်ပျက်ကိုမြင်တဲ့အတွက် တဏှာဆိုတဲ့
သံသရာကို ရှည်စေတဲ့တရားကိုပယ်သတ်ထားပါတယ်။
ဒါကြောင့် ၀ိပဿနာဉာဏ်ကိန်းတဲ့ပုဂ္ဂိုလ်သည် ရှေ့က
ခန္ဓာဖြစ်ပျက်ကိုမြင်လို့ ခန္ဓာကိုစွန့်သည်။ အဲဒီနှစ်မျိုးကို
ကောင်းစွာလုပ်တာ ၀ိပဿနာဉာဏ်ပါ။ ရှေ့အသေကို
နောက်အရှင်က မြင်အောင်ကြည့်နိုင်ရင်ရှေ့ခန္ဓာလေး
တွေ ပေါ်တိုင်းပေါ်တိုင်းကို နောင်အရှုဉာဏ်က အာရုံ
ပြုနိုင်ရင် အဲဒါဝိပဿနာဉာဏ်၊ ခန္ဓာရဲ့အပျက်ကိုမြင်
လို့ ခန္ဓာကိုရှေ့ပိုင်းကစွန့်သည်။ နောက်ပိုင်းက တဏှာ
ကိုစွန့်တယ်ဆိုတော့ အဲဒီအရှုဉာဏ်သည် နိဗ္ဗာန်တံခါး
ကို ကောင်းစွာဖွင့်နေတာပါ။
အရှင်ပုညာနန္ဒာ

No comments:

Post a Comment