ကဿပဘုရားရှင်လက်ထက်တော်အခါ၌
ဖြစ်ပါသည်။ နှစ်ယောက်သောအမျိုးကောင်း
သားတို့သည် ဘုရားရှင်သာသနာ၌ရဟန်းပြု
ကြ၍ မြတ်သောအကျင့်သီလကို ကျင့်ကြံကြ
သည်။ ခေါင်းပါးသောအသက်မွေးခြင်းသလ္လေခ
ဂုဏ်နှင့်ပြည့်စုံကြသည့် တစ်ခုသောရွယ်ငယ်၌
ညီညွတ်မျှတစွာ သီတင်းသုံးနေလေသည်။
တစ်နေ့တွင် ချောပစ်ကုန်းတိုက်တတ်သော
ရဟန်းတစ်ပါးရောက်၍လာသည်။ မထေရ်
နှစ်ပါးသည် ထိုရဟန်းကိုကောင်းမွန်စွာ
ဧည့်ခံကြိုဆို၍ နေရာထိုင်ခင်းပေးထားသည်။
နှစ်ရက်မြောက်သောနေ့တွင် ထိုရဟန်းကိုခေါ်
၍ ရွာသို့ဆွမ်းအလို့ငှါ ၀င်ကြလေသည်။
ရွာသူရွာသားတို့သည် ထိုရဟန်းကိုလည်း
ကြည်ညိုမြတ်နိုး၍ ဆွမ်းယာဂု စသည်ကို
ရိုသေမြတ်နိုးစွာ လှူဒါန်းကြလေသည်။
ထိုရဟန်းသည် ရွာသူရွာသားများ၏သဒ္ဓါ
တရားရက်ရောမှု ရိုသေမြတ်နိုးမှုကိုတွေ့ရ
သောအခါ လောဘဇောတိုက်လာသည်။
သို့အတွက်ဤသို့ မကောင်းကြံစည်မိသည်။
ဤဆွမ်းခံရွာသည် အလွန်ကောင်းမွန်ပေစွ
တကား လူတို့သည်လည်း သဒ္ဓါတရားနှင့်
ပြည့်စုံကြပေသည်။ ဤကျောင်းသည်လည်း
အရိပ်အာဝါသ ရေမိုးနှင့်ပြည့်စုံလှသည်။
ငါသည် ဤအရပ်၌ ချမ်းချမ်းသာသာနေထိုင်
ခြင်းငှါသင့်သည်။ သို့သော် ဤကျောင်း၌ဤ
ရဟန်းနှစ်ပါးရှိနေက ငါသည် နောက်လိုက်
ြ ဖြစ်၍ ချမ်းသာစွာနေရသည်မဖြစ်လတ္တံ့။
ဤရဟန်းနှစ်ပါးကို ကွဲအောင်ပြု၍ကျောင်း
တိုက်၌ မနေအောင်ပြုမှသာ ငါချမ်းသာစွာ
ေ နေရမည်။
တစ်နေ့တွင် အသက်ဝါကြီးသောမထေရ်
ကြီးသည် ရဟန်းနှစ်ပါးတို့အား ဆုံးမသြ၀ါဒ
ပေးပြီး မိမိနေရာသို့ဝင်လေသည်။ ထိုအခါ
ချောပစ်ကုန်းတိုက်လိုသောရဟန်းသည်
အချိန်အနည်းငယ်ကြာအောင် စောင့်ပြီး
မထေရ်ကြီးအခန်းသို့ ၀င်လေသည်။
ငါ့ရှင်၊ အချိန်မတော်သောကာလ၌အဘယ်
ကြောင့် လာပါသနည်း။
အရှင်ဘုရား အချိန်အခါမဟုတ်သည်ကမှန်ပါ
သည်။ လျှောက်ထားစရာရှိ၍ လာပါသည်
ဘုရား
ဤသို့ဆိုလျှင်လျှောက်ထားပါလော့။
အရှင်ဘုရား၊ အရှင်ဘုရား၏မိတ်ဆွေရဟန်း
သည် အရှင်ဘုရားရှေ့၌သာ မိတ်ဆွေကဲ့သို့
သဘောထားဆက်ဆံသည်။ အရှင်ဘုရား
မျက်ကွယ်မူ ရန်သူကဲ့သို့ကဲ့ရဲ့စွပ်စွဲရှုံ့ချနေ
ပါသည်။
အဘယ်ကဲ့သို့ ပြောဆိုပါသနည်း။
အရှင်ဘုရား နားစိုက်ထောင်ပါ။ ဤမထေရ်
သည် ကောက်ကျစ်သည်။ စဉ်းလဲသည်။
လွဲမှားသော အသက်မွေးခြင်းဖြင့်ဝါကြွား
တတ်သည်။ လွဲမှားသော အသက်မွေးမှု
ပြုနေသူဖြစ်သည်ဟု အရှင်ဘုရား၏ကျေး
ဇူးမဲ့စကားများဆိုပါသည်ဘုရား။
ငါ့ရှင်ရဟန်း၊ ဤသို့မပြောဆိုလျှင် ငါ၏
မိတ်ဆွေရဟန်းသည် ဤသို့ပြောမည်မဟုတ်
ပါ။ ငါတို့သည် ရှေးယခင်ကတည်းက အတူ
နေ၍တစ်ဦးသဘော တစ်ဦးကောင်းစွာသိကြ
သည်။ င့ါမိတ်ဆွေသည် သီလကိုချစ်မြတ်နိုး
၏။ ကောင်းသောအကျင့်ကိုကျင့်၏။
အရှင်ဘုရား၊ အရှင်ဘုရားတို့သည် မိမိတို့၏
စင်ကြယ်သန့်ရှင်းသော စိတ်ရှိသည့်အဖြစ်
ကြောင့်သာ ဤကဲ့သို့စိတ်ထားရရှိနိုင်ပါ
သည်။ ဤစိတ်ထားကောင်းမှုသည် အရှင်
ဘုရားအားသာလျှင် သင့်တော်ပါ၏။
တပည့်တော်သည် ထိုမထေရ်နှင့်ခိုက်ရန်
မဖြစ်ခဲ့ဘူးပါ။ တပည့်တော်သည် အဘယ်
ကြောင့် ထိုမထေရ်မပြောဘဲပြောသကဲ့သို့
ပြောရဲပါမည်နည်း။ အရှင်ဘုရားမယုံကြည်
လျှင် ရှိပါစေတော့၊ နောင်တော့ အရှင်ဘုရား
သိလာလိမ့်မည်။
မထေရ်ကြီးသည် ပုထုဇဉ်တို့သဘာဝအပြစ်
ဒေါသကြောင့်တွေးတော ယုံမှားစိတ်ဝင်
သွားလေသည်။
ဤရဟန်းပြောဆိုသည့်အတိုင်းဖြစ်တန်ရာ၏
ဤသို့သံသယ၀င်ကာ အကျွမ်းဝင်မှုတန်ငယ်
လျော့သွားသည်။
ထိုကုန်းတိုက်သောရဟန်းသည် ပထမအကြိမ်
မထေရ်ကြီးကိုကုန်းတိုက်ဖျက်စီးသကဲ့သို့ကျန်
မထေရ်တစ်ပါးကိုလည်း ကုန်တိုက်ဖျက်စီးလေ
သည်။
ထိုအခါ မထေရ်နှစ်ပါးတို့သည် နှစ်ရက်မြောက်
သောအခါ အချင်းချင်းစကားမပြောဆိုကြဘဲ
နေလေသည်။ မိမိဘာသာမိမိ အသီးသီးဆွမ်းခံ
ဝင်ကြပြီး သီးသန့်ကိုယ်ဘာသာကိုယ် ဘုန်းပေး
ကြသည်။ အချင်းချင်းအရိုအသေပေးခြင်း
စကားပြောခြင်းလည်း မပြုကြတော့ပေ။
နောက်တစ်နေ့ မိုးသောက်သော် တစ်ပါးနှင့်တစ်
ပါး ပန်ကြားပြောဆိုမှုမရှိဘဲ အရပ်တစ်ပါးသို့
အသီးသီးခွဲခြားထွက်သွားကြလေသည်။
ထိုအခါ ချောပစ်ကုန်းတိုက်သောရဟန်းသည်
နှလုံးအလိုကျ ၀မ်းမြောက်ဝမ်းသာဖြစ်နေလေ
သည်။ ထိုရဟန်းသည် ရွာထဲသို့ဆွမ်းခံဝင်
သည်ရှိသော် မထေရ်နှစ်ပါး ပါမလာသည်ကို
တွေ့ကြသော ရွာသူရွာသားတို့ကစုံစမ်းမေး
မြန်းကြလေသည်။
အရှင်ဘုရား မထေရ်ကြီးနှစ်ပါး အဘယ်သို့
ကြွပါသနည်း ဘုရား။
မထေရ်ကြီးနှစ်ပါးသည် တစ်ညဥ့်ပတ်လုံး
အချင်းချင်းခိုက်ရန်ငြင်းခုန်ပြုကြသည်။
ငါသည် ထိုမထေရ်နှစ်ပါးကို အရှင်ဘုရား
တို့ ခိုက်ရန်ငြင်းခုန်ခြင်းကို မပြုကြကုန်
လင့် ညီညွတ်ကြပါ။ ခိုက်ရန်ငြင်းခုန်ခြင်း
သည် အကျိုးမဲ့ကိုဆောင်တတ်သည်။
နောင်သောအခါ ဆင်းရဲဒုက္ခကို ဖြစ်စေ
တတ်ပါသည်။ အကုသိုလ်တရားများပွား
များစေတတ်ပါသည်။ ရှေ့၌လည်း ခိုက်ရန်
ဖြစ်ပွားကြ၍ အကျိုးမဲ့ကိုဖြစ်ဖူးကုန်ပါပြီဟု
ငါသည်လျှောက်ထားပြောဆိုပါသော်လည်း
ငါ့စကားကို မနာယူဘဲ ရှောင်ဖယ်ထွက်သွား
ကြပါကုန်သည်။
ဤသို့ဆိုလျှင် အရှင်ဘုရား မထေရ်ကြီးတို့
ကြွလျှင် ကြွပါစေ။ အရှင်ဘုရားသာ တပည့်
တော်တို့အား သနားသဖြင့် ဤကျောင်း၌
သီတင်းသုံး၍ တပည့်တော်တို့အကျိုးစီးပွား
ကို စောင့်ရှောက်ပါဘုရား။
ကောင်းပါပြီ။ သင်တို့အား စောင့်ရှောက်ချီးမြှင့်
သောအားဖြင့် ငါနေပေးပါမည်။
ဤသို့ ၀န်ခံပြီးလျှင် ကုန်းတိုက်သောရဟန်း
သည် ထိုကျောင်းတွင် သီတင်းသုံးနေထိုင်
လေသည်။
နှစ်ရက် သုံးရက် လွန်သော် ထိုရဟန်းအား
ကြီးစွာသော သောကသည် ဖြစ်ပေါ်လာ
လေသည်။
ငါသည် သီလရှိ၍ ကိုယ်ကျင့်တရားကောင်းမွန်
သော ရဟန်းမြတ်တို့ကို ကျောင်း အာဝါသ
တပ်မက်လိုချင်သော တဏှာလောဘကြောင့်
ကွဲပြားအောင် ဖျက်စီးမိလေပြီ။ ငါသည်များ
စွာသော မကောင်းမှုကို ပြုမိလေပြီ။
ဤသို့လျှင် ထိုရဟန်းသည် ကြီးစွာသောနှလုံး
မသာယာသော အနာရောဂါနှိပ်စက်ပြီးမကြာ
ခင်ကွယ်လွန်ခဲ့လေသည်။
မိတ်ဆွေမထေရ်နှစ်ပါးတို့သည် ဇနပုဒ်သို့
ဒေသစာရီကြွချီကြသည်ရှိသော် တစ်ခုသော
ကျောင်း၌ ပေါင်းဆုံမိကြလေသည်။
အချင်းချင်းဝမ်းမြောက်ဝမ်းသာဖြစ်မိကြလေ
သည်။ ကုန်းချောသောရဟန်းပြောဆိုသော
စကားတို့ကို အချင်းချင်းဆွေးနွေးပြောဆိုရာ
မှ အမှန်တရားကို သိရှိကြလေသည်။ နောက်
အချင်းချင်း ညီညွတ်ကာ မူလရွာကျောင်းသို့
ပြန်လာခဲ့ကြသည်။
ရွာသူရွာသားတို့သည် ကြွလာသောမထေရ်
တို့ကို ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းကြ
လေသည်။ ထိုမထေရ်ကြီးနှစ်ပါးသည်
ဝိပဿနာတရားကို ကောင်းစွာအားထုတ်
ပွားများရာ မကြာခင်ရဟန္တာဖြစ်ကြလေသည်။
ချောပစ်ကုန်းတိုက်သောရဟန်းသည် ကဿပ
ဘုရားရှင်နှင့်ဂေါတမဘုရားရှင်တို့စပ်ကြား
ကာလ၌ ငရဲ၌ခံစားရ၍ ဂေါတမဘုရားရှင်ပွင့်
လာသောအခါ ရာဇဂြိုလ်ပြည်ကြီး၌ ပုပ်သော
ခံတွင်းရှိသော ပြိတ္တာဖြစ်လာလေသည်။
အရှင်နာရဒမထေရ်သည် ပြိတ္တာပြောဆိုသော
စကားကို ဘုရားရှင်အားလျှောက်ထားပြလေ
သည်။ ဘုရားရှင်ကလည်း ထိုအကြောင်းကို
ပရိသတ်အား ဟောကြားပြသလေသည်။
လူအပေါင်းတို့သည် ထိုတရားကိုနာကြားရပြီး
နောက် ထိတ်လန့်တရား၊ သံဝေဂတရားပွား
များရယူမိကြလေသည်။
ပူတိမုခပေတ ၀တ္ထု
တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ ဘီအေ)
ပြိတ္တာ တစ္ဆေ သရဲတို့အကြောင်း
No comments:
Post a Comment