Saturday, October 11, 2014

ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်ဆိုသူ တွေ တကယ်ကောရှိပါသလားဘုရား။

ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်
ကိုထူး ။ ။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်ဆိုသူ
တွေ တကယ်ကောရှိပါသလားဘုရား။
အရှင်။ ။ အင်း၊ ကိုယ်စောင့်နတ် ရှိ မရှိ ဆိုတာကို
ပါရာဇိကတ် အဋ္ဌကထာလာ ရှင်သုဒိန္နအကြောင်း
အရာအဖွင့်နဲ့ သုတ်မဟာဝါအဋ္ဌကထာ မဟာပဒန
သုတ်အဖွင့်ကို အထောက်အထားပြုပြီး လေ့လာကြ
ရမယ်။
ကိုထူး ။ ။ မိန့်ပါဦးဘုရား။
အရှင် ။ ။ ရှင်သုဒိန်ဆိုတာ သာသနာတော်မှာ
မေထုန်မှုကို ရဟန်းဘ၀နဲ့ ပထမဦးဆုံးပြုကျင့်သူပေါ့။
မဟာဝုန်တောထဲမှာ မယားဟောင်းကို သားမျိုးစေ့ပေး
တဲ့အနေနဲ့မေထုန်မှုပြုကျင့်တော့ ဘုမ္မစိုးနတ်တွေကစပြီး
စတုမဟာရာဇ်နတ်တွေ၊ တာဝတိံသာနတ်တွေစသည်ဖြင့်
အဆင့်ဆင့် သိသွားလိုက်တာ ဗြဟ္မာတွေထိတောင် သိရှိ
သွားပြီးအချင်းတို့ ရဟန်းသံဃာတွေဟာ (ဒုဿီလ) ဆို
တဲ့အမြှပ်မှ ကင်းစင်တယ်။ အပြစ်ကင်းစင်တယ်။ ကလန္ဒ
သူဋ္ဌေးသား သုဒိန်ဟာ (ဒုဿီလ)ဆိုတဲ့ အမြှပ်ကို ဖြစ်စေ
ခဲ့ပြီးအပြစ်ကို ဖြစ်စေခဲ့ပြီလို့ အဆင့်ဆင့် ကြွေးကြော်ကြ
တဲ့အကြောင်း ပါရာဇိကဏ်ပါဠိတော်မှာ ပြဆိုထားသည်။
အဲဒါကို ထပ်မံဖွင့်ပြတဲ့ အဋ္ဌကထာအဖွင့်မှာတော့
မကောင်းမှုကို ပြုတဲ့သူဟာ အခြားလူတွေထက်ကိုယ့်ကို
ကို အရင်ဆုံးသိကြောင်း၊ အဲဒီနောက်ကိုယ့်ရဲ့ကိုယ့်စောင့်
နတ်က သိရှိကြောင်း၊ အဲဒီနောက်သူတစ်ပါးရဲ့စိတ်ကိုသိ
တတ်တဲ့ နတ်တွေက သိရှိတဲ့အကြောင်း၊ အဲဒါကြောင့်
တောအုပ်မှာနေကြတဲ့ သူတစ်ပါးစိတ်ကို သိကြတဲ့ဘုမ္မစိုး
နတ်တွေဟာ အဲဒီလွန်ကျူးမှုကို ကြည့်ပြီး ကြွေးကြော်
ကြတာ ဖြစ်တဲ့အကြောင်း ရှင်းပြထားတယ်။
ကိုထူး။ ။ မှန်ပါ။
အရှင်။ ။ တစ်ခါ သုတ်မဟာဝါအဋ္ဌကထာ၊ မဟာပဒါန
သုတ်အဖွင့်မှာ မင်းတွေတရားမစောင့်တဲ့အခါ အိမ်ရှေ့မင်း၊
အမတ်၊ စစ်သူကြီး၊ သူဋ္ဌေး၊ သူကြွယ်တွေကအစ အားလုံး
သော မြို့သူမြို့သားတွေ တရားမစောင့်ကြတဲ့အကြောင်း
အဲဒီအခါ လူတွေကိုစောင့်ရှောက်တဲ့ ကိုယ်စောင့်နတ်တွေ
တရားမစောင့်တော့တဲ့အကြောင်း အဲဒီနတ်တွေရဲ့မိတ်
ဆွေတွေဖြစ်တဲ့ မြေမှာနေတဲ့ ဘုမ္မစိုးနတ်တွေ၊ ကောင်းကင်
မှာနေတဲ့ အာကာသစိုးနတ်တွေကနေ ဟိုးနတ်ပြည်ခြောက်
ထပ် အထက်ဘ၀ဂ်ထိအောင် အရိယာပုဂ္ဂိုလ်တွေကလွဲပြီး
အားလုံးသောနတ်ဗြဟ္မာ ပရိသတ်တွေ တရားမစောင့်ကြ
တဲ့အကြောင်း ပြဆိုထားတယ်။ အဲဒါတွေကိုထောက်ထား
ပြီးကိုယ်စောင့်နတ်ရှိတဲ့အကြောင်း ကျမ်းဂန်အထောက်
အထားနဲ့မှတ်သားနိုင်တယ်။
ကိုထူး။ ။ မှန်ပါ့ဘုရား။ အဲဒါဆို အိမ်စောင့်နတ်ရှိတဲ့
အကြောင်းကိုရော ကျမ်းဂန်အထောက်အထားရှိပါ
သလားဘုရား။
အရှင်။ ။ ဓမ္မပဒအဋ္ဌကထာ၊ ပါပ၀ဂ်၊ အနာထပိဏ္ဍိက
သေဋ္ဌိဝတ္ထုအဖွင့်မှာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
အဲဒီမှာ တခါမှာ အနာထပိဏ်သူဋ္ဌေးကြီး စီးပွားတွေ
ဆုံးရှုံးသွားတဲ့အကြောင်း သူဋ္ဌေးကြီးအိမ်ရဲ့ စတုတ္ထ
မြောက်တံခါးကိုစောင့်တဲ့ တံခါးစောင့်နတ်ကဘုရား
အမှူးရှိတဲ့ သံဃာတော်တွေကို လှူဒါန်းမဲ့အစားငွေ
ကြေးတွေကို စီးပွားရေးလုပ်ငန်းထဲမှာ ရင်းနှီးမြှပ်နှံပြီး
တော့ တိုးပွားအောင်လုပ်ဆောင်ဖို့ သြ၀ါဒပေးတဲ့
အကြောင်း၊ သူဋ္ဌေးကြီးက အဲဒီရတနာသုံးပါးကို
မကြည်ညိုတဲ့ တံခါးစောင့်နတ်ကို နှင်ထုတ်လိုက်တဲ့
အကြောင်း တံခါးစောင့်နတ်လည်း နေစရာမရှိတော့
တဲ့အတွက် မြို့စောင့်နတ်၊ နတ်မင်းကြီးလေးပါးနဲ့
သိကြားမင်းတို့ထံ အဆင့်ဆင့်သွားပြီး သူဋ္ဌေးကို
တောင်းပန်ပေးဖို့ အသနားခံတဲ့ အကြောင်းတွေ
လာရှိတယ်။ အဲဒီဝတ္ထုကိုထောက်ဆရင် အိမ်စောင့်
နတ်တို့ ရွာစောင့်နတ်၊ မြို့စောင့်နတ်တို့ တကယ်ရှိ
တဲ့အကြောင်း သိနိုင်ပါတယ်။
ကိုထူး ။ ။ တင်ပါ။ အဲဒါဆို၊ အဲဒီနတ်တွေကိုအမျှ
ဝေသင့်ကြောင်းကိုကျတော့ရောဘုရား။
အရှင်။ ။ အဲဒီနတ်တွေကိုအမျှဝေသင့်ကြောင်း
ကိုတော့ ၀ိနည်းမဟာဝါ ပါဠိတော်၊ ဘေသဇ္ဇက္ခဏ္ဍက၊
သုနိဓိဝဿကာရ၀တ္ထု၊ ပါဋလိရွာကိုမြို့အဖြစ်တည်
ဆောက်ခန်းမှာ တွေ့နိုင်ပါတယ်။
ကိုထူး။ ။ မိန့်ပါဦးဘုရား။
အရှင် ။ ။ တခါသားမှာ မာဂဓတိုင်းရဲ့အမတ်ကြီး
နဲ့ ၀ဿကာရအမတ်ကြီးတို့ဟာ ၀ဇ္ဇီမင်းတွေရဲ့ရန်ကို
ခုခံပိတ်ဆို့ဖို့အတွက် ပါဋလိရွာကိုမြို့အဖြစ်အဆင့်မြှင့်
တည်ဆောက်ကြတယ်။ အဲဒီအခါနတ်တွေဟာ အိမ်ရာ
ကွက်တွေကို သူ့နေရာငါ့နေရာဆိုပြီးသိမ်းပိုက်ကြပါ
သတဲ့။ အဲဒီအကြောင်းတွေကိုသိတော်မူ မြင်တော်မူ
တဲ့ ဘုရားရှင်က ညီတော်အာနန္ဒာကို အာနန္ဒာတန်ခိုး
ကြီးတဲ့နတ်တွေ သိမ်းပိုက်ကြတဲ့ ရပ်ကွက်မှာ တန်ခိုး
ကြီးတဲ့ မင်းနဲ့အမတ်ကြီးတွေရဲ့ အိမ်ရာတွေတည်
ဆောက်ဖို့ စိတ်ဆန္ဒဖြစ်ကြတယ်။ တန်ခိုးအလတ်စား
နတ်တွေ အိမ်ရာသိမ်းပိုက်တဲ့ရပ်ကွက်မှာ တန်ခိုး
အလတ်စားမင်းနဲ့ အမတ်တို့ရဲ့အိမ်ရာတွေတည်
ဆောက်ဖို့ စိတ်ကူးကြတယ်။ တန်ခိုးနည်းတဲ့နတ်
တွေ အိမ်ရာသိမ်းပိုက်ထားတဲ့ရပ်ကွက်မှာတော့
တန်ခိုးနည်းတဲ့ မင်းနဲ့အမတ်တို့ရဲ့ အိမ်ရာတွေကို
တည်ဆောက်ဖို့စိတ်ဖြစ်ကြတယ်လို့ မိန့်တော်မူ
တယ်တဲ့။
ကိုထူး ။ ။ အံ့သြစရာကြီးပါဘုရား။ ဘုရားရှင်ပွင့်
တော်မူ ထုတ်ဖော်ဟောတော်မူခဲ့လို့သာ ဒီအကြောင်း
တွေကို သိခွင့်ရတာပါဘုရား။ အရှင်ဘုရားတို့လို
ရဟန်းသံဃာတွေက မိန့်ပါမှလည်း တပည့်တော်
တို့ သိခွင့်ရကြတာပါဘုရား။ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံ
သရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ပါ။ ဆက်ပါဦး
ဘုရား။
အရှင် ။ ။ အင်း မြို့တည်ပြီးတဲ့အခါကျတော့
ဘုရားရှင်ကို နောက်ပါရဟန်းသံဃာနဲ့တကွဆွမ်း
ဘုန်းပေးကြွရောက်ချီးမြှောက်တော်မူဖို့ပင့်ဖိတ်ကြ
တယ်။ အဲဒီမှာ ဘုရားရှင် အနုမောဒနာပြုတော်မူ
တဲ့ တရားတော်ကို အလေးအနက်မှတ်ရမယ်။
အိမ်သစ်တက်၊ မြို့သစ်တက်တဲ့ အနုမောဒနာတရား
ပေါ့။
ကိုထူး။ ။ မှန်ပါဘုရား။
အရှင် ။ ။ ဘုရားရှင်က
ယသ္မိံပဒေသေ ကပ္ပေတိ၊ ၀ါသံပဏ္ဍိတဇာတိယော။
သီလ၀န္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော။
ယာ တတ္ထ ဒေ၀တာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။
တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိနံ။
တတောနံ အနုကမ္ပန္တိ၊ မာတာ ပုတ္တံဝ သြရတံ။
ဒေ၀တာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ
ဆိုတဲ့ ဂါထာကို ဟောတော်မူတယ်။
မြန်မာလို အဓိပ္ပါယ်ကတော့
ပုဏ္ဏားတို့ ပညာရှိတဲ့သူဟာ အရပ်ဒေသတစ်ခုမှာ
အိမ်ယာဆောက်လုပ်နေထိုင်တယ်။ အဲဒီအရပ်မှာ
သီလရှိတဲ့ ကိုယ်နှုတ်နုလုံးစောင့်သုံးတဲ့ မြတ်သော
အကျင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဆွမ်းကျွေးပြီးတော့
အဲဒီအရပ်မှာရှိတဲ့ နတ်တွေကို အလှူရဲ့အဖို့ဘာဂ
ကို အမျှပေးဝေရမယ်။ အဲဒီလိုအမျှပေးဝေလို့ရှိရင်
နတ်တွေဟာ ပူဇော်ခံရတဲ့အတွက် အဲဒီအမျှပေး
ဝေတဲ့သူကို တုန့်ပြန်ပြီး ပူဇော်ကြတယ်။ မြတ်နိုး
တနာပြုခံရတဲ့အတွက်ကြောင့်လည်း တုန့်ပြန်ပြီး
တော့ မြတ်နိုးတနာပြုကြတယ်။
အဲဒါကြောင့်မိခင်ဟာ ရင်မှာဖြစ်တဲ့သားကိုစောင့်
ရှောက်သလို နတ်တွေကလည်း ထိုအမျှပေးဝေ
တဲ့သူကို စောင့်ရှောက်ကြတယ်။ နတ်တို့စောင့်
ရှောက်ခံရတဲ့သူဟာ အခါခပ်သိမ်းကောင်းမြတ်
တဲ့ အာရုံတွေကိုသာ တွေ့မြင်ရလေတယ်လို့
ဆိုလိုတယ်။
ဆရာကြီးဓမ္မာစရိယဦးဋ္ဌေးလှိုင်မကြာခဏပြောခဲ့တဲ့
မိဘ သားမယား၊ ဆွေမျိုးများနှင့် စေပါးလုပ်ဖော်၊
နတ်သူတော်၊ သင့်ပေါ်ချစ်ပါစေဆိုတာ ဒီပါဠိတော်ကို
ရည်ညွှန်းပြီး ပြောခဲ့တယ်ထင်ပါတယ်။
ကိုထူး။ ။ မှန်ပါဘုရား၊ မှတ်သားခွင့်ရတာကျေးဇူးပါ
ဘုရား။
အရှင်။ ။ ကိုင်း၊ အဲဒါဆို၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်
နတ်၊ မြို့စောင့်နတ်တွေ တကယ်ရှိကြောင်းနဲ့ သူတို့တွေ
ကို ကောင်းမှုပြုပြီးတိုင်း အမျှပေးဝေသင့်ကြောင်းကျမ်း
ဂန်အထောက်အထား ခိုင်ခိုင်လုံလုံရပြီပေါ့။
အရှင်ဝိသာရဒ(ရမ္မာဝတီ)
ပရလောကသားများအတွက် အမျှဝေနည်းလမ်းညွှန်

No comments:

Post a Comment