Saturday, October 11, 2014

မိဘကျေးဇူးကို ဆပ်ခြင်း


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား
မိဘကျေးဇူးသိတတ်ခြင်းနှင့် ကျေးဇူးဆပ်ခြင်း
အကြောင်းကို ဟောတော်မူသည်။
ရဟန်းတို့ မိခင်ဖခင်နှစ်ဦးတို့အားကျေးဇူးတုံ့ပြန်ရန်
လွယ်ကူ၏ဟု ငါဘုရားမဟော။
ရဟန်တို့ သားသမီးများသည် အသက်တစ်ရာတန်း
၌တည်၍ နှစ်ပေါင်းတစ်ရာကာလပတ်လုံး အသက်
ရှည်ကာ ပခုံးတစ်ဖက်ဖြင့် မိခင်ကို အခြားပခုံးတစ်
ဖက်ဖြင့် ဖခင်ကို ထမ်းဆောင်၍ လုပ်ကျွေးပြုစု၏။
ထိုသူသည် မိဘနှစ်ပါးတို့အား အမွှေးနံ့သာ လိမ်း
ကျံခြင်း၊ နှိပ်နှယ်ခြင်း၊ ရေချိုးခြင်း၊ ခြေဆုပ်လက်
နယ်ပြုခြင်းတို့ဖြင့် ပြုစု၏။
မိဘနှစ်ပါးတို့သည် ထိုသူ၏အပေါ်၌ ကျင်ကြီး
ကျင်ငယ် စွန့်၏။ ဤသို့ပင် ပြုစုသော်လည်းမိဘ
တို့ကို ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းမပြည့်
စုံသေး။ မိဘနှစ်ပါးတို့အား မဟာပထ၀ီမြေကြီး
တစ်ခုလုံးကို အစိုးရသော မင်းစည်းစိမ်ကိုပေး
ငြားသော်လည်း ကျေးဇူးပြုခြင်း ကျေးဇူးတုံ့ပြန်
ခြင်းမပြည့်စုံသေး။ အဘယ်ကြောင့်ဆိုသော်
မိဘတို့သည် သားသမီးတို့အား များစွာကျေးဇူး
ပြုသူ ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်၍
လောကကြီးကိုပြသသူဖြစ်သောကြောင့်တည်း။
ရဟန်းတို့ အကြင်သူသည်ကား သဒ္ဓါတရား
မရှိသူမိဘတို့ကို သဒ္ဓါတရားနှင့်ပြည့်စုံအောင်
ဆောင်ရွက်၏။ သီလမရှိသောမိဘတို့ကိုသီလ
နှင့်ပြည့်စုံအောင်ဆောက်တည်စေ၏။ နှမြော
တွန့်တိုသော မိဘတို့ကို စွန့်ကြဲပေးကမ်း
အောင် ဆောင်ရွက်၏။
ဤသို့ပြုစုခြင်းသည် မိဘတို့အားကျေးဇူးပြုရာ
ကျေးဇူးတုန့်ပြန်ရာရောက်၏ဟု ဟော်တော်မူ
၏။
ကျမ်းကိုး ။ ။ အင်္ဂုတ္တရ၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊
မာတာပိတုသုတ်။
ဦးငွေအောင်မွန်
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီအေ၊ ဘီအီးဒီ)

No comments:

Post a Comment