Saturday, October 11, 2014

Job နဲ့ work... မတူပုံလေးပါ

Job နဲ့ work...

သည်စကားလုံး နှစ်လုံးကလည်း... ကျုပ်တို့ ဗမာတွေအတွက်... အတော် ခေါင်းရှုပ်စေတဲ့ စကားလုံး နှစ်ခုပါပဲ... အဓိပ္ပါယ်ကလည်း ခပ်ဆင်ဆင်-ဆိုတော့... ရှုပ်ထွေးမိကြမှာပါပဲ...

ဒါပေသည့်... သည်စကားလုံး နှစ်လုံးရဲ့ မူရင်း အဓိပ္ပါယ်နဲ့ အသုံးကို ခွဲခြား သိသွားရင်တော့... သိပ် ရှုပ်ထွေးစရာ မရှိတော့ပါဘူး...

(job)
job ဆိုတာက နာမ် (noun) တခု-အဖြစ်နဲ့-ဆိုရင်...  လူတယောက်ရဲ့ ပုံမှန်ဝင်ငွေရအောင် လုပ်ရတဲ့ အလုပ်ကို ဆိုလိုတာ ဖြစ်ပြီး... ကြိယာ (verb) အနေနဲ့-ဆိုရင်... အဲ့သလို ပုံမှန် ၀င်ငွေရတဲ့ အလုပ်တခုကို လုပ်တယ်-လို့ ဆိုလိုတာပါ... ဒါ့အပြင်... နာမ၀ိသေသန (adjective) အနေနဲ့လည်း လုပ်စရာရှိတာကို အခကြေးငွေတခု ယူပြီး အပြီးအပြတ် လုပ်ပေးတယ်-လို့လည်း အဓိပ္ပါယ်ရပါတယ်...

ဥပမာ -

I have no job right now... (Noun)
ခု လောလောဆယ်... ငါ့မှာ ဘာအလုပ်မှ မရှိဘူး...
(I have no work right now... လို့ ပြောလို့ ရသော်လည်း... အဓိပ္ပါယ်ချင်းက မတူပါ...  ဒါက ခုလောလောဆယ်... ငါ့မှာ လုပ်စရာ ဘာမှ မရှိဘူး-လို့ အဓိပ္ပါယ်ရပါတယ်...)

He jobs shoes and T-shirts at Rangoon. (Verb)
ရန်ကုန်မှာ တီရှပ်တွေနဲ့ ရှူးတွေရောင်းတဲ့အလုပ် သူလုပ်တယ်...
(I work shoes and T-shirts at Rangoon... လို့ ပြောလို့ မရပါ...)

He does the job printing... (Adjective)
ပုတ်ပြတ်နှုန်းနဲ့ သူ ပုံနှိပ်ပေးတယ်...
(သည်နေရာမှာတော့... job အစား... work... သုံးလို့ မရတာ ရှင်းပါတယ်...)

job ရဲ့ တခြား အသုံးတွေလည်း ရှိပါသေးတယ်...

ဥပမာ -

Man, we have a job tonight...
ဟေ့ရောင်... ခုည... ငါတို့ အလုပ် ရှိတယ်...
(မကောင်းမှုတခုခုကို လုပ်တော့မယ်-ဆိုတာ ရည်ညွှန်းတယ်...)

She did her eyes job...
(သူ့ မျက်လုံးနဲ့ မျက်တောင်တွေကို ပြင်ထားတယ်...)

Blow job...
(ဒါ-ကိုတော့... ကျုပ် ဘာသာ မပြန်တော့ဘူး... သိအောင်သာ  ဥပမာ ပြောပြတာ... ကိုယ့်ဘာသာကို ရှာဖတ်ကြ...)

သည်လောက်ဆိုရင် job ရဲ့ အသုံး အနှုန်း ရှင်းလောက်မယ် ထင်ရဲ့...

(work)

အလုပ်-လို့ ဗမာတွေ အားလုံး နားလည်နေကြတဲ့ စကားလုံးပါပဲ...

အလုပ်သွားသည်... ဆိုတာကနေ စပြီး အလုပ် ပြုတ်တာ-အဆုံး သည်စကားလုံးနဲ့ပဲ ဗမာတွေ ရင်းနှီးနေကြတာပါ...

ဒါပေသည့် သည်စကားလုံးကလည်း... သူ့ အဓိပ္ပါယ်နဲ့သူပါ...

job နဲ့ work  ဟာ မတူပါဘူး...

ယေဘုယျအားဖြင့် ပြောရရင်... (မတူတာကို အခု ပြောပြနေတာပါ... သေချာ မှတ်ထားပါ...) job - ဆိုတာက (လူတယောက်ရဲ့ ပုံမှန်ဝင်ငွေရအောင် လုပ်ရတဲ့ အလုပ်ကို ဆိုလိုတာ...) ... work - ဆိုတာက (အဲ့သည် ပုံမှန် ၀င်ငွေရနေတဲ့ အလုပ်ကို ပုံမှန် လုပ်နေတယ်-လို့ ဆိုလိုတာပါ...) ယေဘုယျ-ပြောရရင်တော့ အလုပ်လုပ်သည်-ပေါ့...

work ဆိုတဲ့ စကားလုံးဟာ... job လိုပဲ... နာမ်... (noun)... ဖြစ်သလို... ကြိယာ.. (Verb...) တခုလည်း ဖြစ်ပါတယ်... ထို့အတူ... နာမ၀ိသေသန... (Adjective...) တခုလည်း ဖြစ်ပါတယ်... သို့သော်လည်း အသုံးအနှုန်းချင်းကတော့ မတူဘူးပေါ့...

တချို့နေရာတွေမှာ... work... ကို... job... နဲ့ လဲလှယ် သုံးစွဲနိုင်ပေမယ့်... နေရာတိုင်းမှာတော့... လဲလှယ် သုံးစွဲလို့ရမယ် မဟုတ်ဘူး...

ဥပမာ...
This is my work to sort out all of these information. (Noun)
ငါ့ အလုပ်က သည် သတင်းအချက်အလက်တွေကို အမျိုးအစား ခွဲခြားဖို့ပါပဲ...
(သည်နေရာမှာ... This is my job to sort out all of these information... လို့ သုံးလို့ရပါတယ်...)

သို့သော်လည်း -
I work at 7-11.  (Verb)
ဆဲဗဲန်း-အလဲဗဲန်း-မှာ ငါ အလုပ်လုပ်တယ်...
(I job at 7-11... လို့ ပြောလို့မရပါ... )

Our work hour is from 7:00 am to 4:00 pm. (Adjective)
ကျုပ်တို့ အလုပ်ချိန်က မနက် ခွန်နှစ်နာရီကနေ ညနေ လေးနာရီ အထိပေါ့...

သည်လောက်ဆို... job... နဲ့... work... အသုံးကို သိလောက်ပြီ ထင်ပါတယ်...

No comments:

Post a Comment