မေး ။ ။ သတိထားပြီး တရားရှုပေမယ့်
ကြာတော့ ပျင်းလာပါတယ်။ မပျင်းအောင်
ဘယ်လို ရှုရပါမလဲ။
ဖြေ။ ။ တရားရှုတယ်ဆိုတာ သတိထားပြီး
ရှုရတာပါ။ သတိဆိုတာ သိလို ထားလိုတဲ့
အာရုံမှတစ်ပါးတခြားသို့ မျောပါ၊ လွင့်ပါ
မသွားစေခြင်းဆိုတဲ့ သဘောလက္ခဏာရှိပါ
တယ်။
မေ့လျော့တွေဝေခြင်းကို ဖျက်ဆီးတဲ့ အလုပ်
ကိစ္စလုပ်ပါတယ်။
ကိလေသာ နီဝရဏတွေရဲ့အနှောက်အယှက်
ကို တားမြစ်ပြီး စိတ်ချမ်းသာအောင် စောင့်
ရှောက်နိုင်တဲ့သဘောလို့ သိနိုင်ပါတယ်။
အမှတ်သညာအားကောင်းရင်သာမန်သတိမျိုး
အားကောင်းပါတယ်။ ရုပ်နာမ်အာရုံတွေဟာ
ဝိပဿနာသတိအားကောင်းအောင်ထောက်ပံ့
တဲ့အကြောင်းရင်းပါပဲ။
သတိဆိုတာ အတု အစစ် နှစ်မျိုးရှိပါတယ်။
အကုသိုလ်စိတ်ဖြစ်စေနိုင်တဲ့ အာရုံမျိုးတွေကို
အမှတ်ရနေရင် အမှတ်ရပြီးအကုသိုလ်ဖြစ်နေ
ရင် မိစ္ဆာသတိ၊ သတိအတုပါ။
ကုသိုလ်ဖြစ်တဲ့သတိကသာ သတိအစစ်ပါ။
သမ္မာသတိပါ။ ဒါနသတိ၊ သီလသတိ၊ ၀ိပဿနာ
သတိလို့ခွဲပြောရရင် ၀ိပဿနာသတိကသာဉာဏ်
ယှဉ်တွဲမှုအားကောင်းလို့ အမှန်အတိုင်းအမှတ်ရမှု
သဘောဖြစ်လို့ သမ္မာသတိပါ။
မိမိသိလိုတဲ့အာရုံကို မရ အရ ပုံဖော်ယူတာ။
အတင်းလိုက်ပြီး ကြည့်နေတာတွေဟာ လောဘ
စိတ်၊ မိစ္ဆာသတိဖြစ်နေပါတယ်။ အခုဖြစ်ဆဲရုပ်နာမ်
အာရုံကို သေချာသဘောသိအောင်မကြည့်ဘဲပူရင်
နာရင် ကျင်ရင် တင်းရင်မကြိုက်လို့ အတင်းဖျောက်
ဖျက်နေတာဟာ ဒေါသစိတ် မိစ္ဆာသတိပါပဲ။ အာရုံ
ကို အမှတ်တရလိုက်ရှာနေတာတွေကို ခေါ်ပါတယ်။
စိတ်က ပျာယာခတ်နေတယ်။ တင်းကြပ်နေတယ်။
တစ်ခါတစ်လေေ၀၀ါးနေတယ်။ မပီပြင်ဘူး။ ပင်ပန်း
တယ်။ ရှုပ်ထွေးတယ်။ နောက်ကျိတယ်။ မဝေခွဲနိုင်
ဘူးဆိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေဟာလည်း
မိစ္ဆာသတိရဲ့သတ္တိတွေပါပဲ။
သတိအစစ်ရဲ့သဘောက စောင့်ကြည့်နေရုံ၊ ဖြစ်တိုင်း
ဖြစ်တိုင်းအာရုံရဲ့သဘောကိုသိလာအောင်စောင့်
ကြည့်နေရုံပါပဲ။
စိတ်အေးချမ်းတယ်။ တည်ငြိမ်တယ်။ မပင်မပန်း
သက်တောင့်သက်သာ ကြည်ကြည်လင်လင်ကြည့်
နေနိုင်ပါတယ်။
ဟိုဟာမြင်ရမှ ဒီဟာမြင်ရမှ ကျေနပ်မယ်။ ဒီဟာ
ဆိုရင် မကြိုက်ဘူး။ ဟိုဟာကိုလည်း မကြိုက်ဘူး
ဆိုတာ မရှိပါဘူး။
တွေေ၀၀ိုးဝါးမှုတွေလည်း မရှိပါဘူး။
သတိလေးနဲ့စောင့်ကြည့်ရင် သိစရာတွေကိုသိလာ
ပါတယ်။ ယောဂီက အေးအေးဆေးဆေးနေသာ
သလို မျှမျှတတ ထိုင်ချင်ထိုင်၊ ရပ်ချင်ရပ် သွားချင်
သွား လျောင်းချင်လျောင်း ဒါမှမဟုတ်လုပ်နေကျ
အလုပ်တွေကို လုပ်ရင်းကိုင်ရင်း သတိလေးထား
ပေးရပါတယ်။ မပင်ပန်းပါဘူး။
မသိသေးတဲ့သဘောတွေကို သိလာတယ်။ ဓမ္မ
သဘောတွေကို ပီပီပြင်ပြင် မြင်လာတယ်။ ပျင်းရိမှု
ဆိုတာ မဖြစ်ပါဘူး။ ဒီသဘောက ၀ိပဿနာသမ္မာ
သတိ၊ သတိအစစ်ရဲ့သဘောပါ။
သတိအစစ်နဲ့အတုနားလည်ပါ။ ပြန်ပြီး ဆန်းစစ်ပါ။
ပျင်းနေတာဟာ သတိအတုကြောင့်ဆိုတာ သိလောက်
ပါပြီ။
သမ္မာသတိ၊ သတိအစစ်ဖြစ်ရင် ၀ီရိယအစစ်၊ သမာဓိ
အစစ်ဖြစ်ပါပြီ။ ၀ီရိယအစစ်ဖြစ်ရင် မပျင်းတော့ပါဘူး။
သတိအစစ်၊ ၀ီရိယအစစ်ဖြစ်အောင်ကြိုးစားပါ။
တရားရှုရင်း အပျင်းပျောက်လို့ တရားနဲ့မွေ့လျော်
တရားနဲ့အချိန်တိုင်းပျော်နိုင်ပါပြီ။
ဓမ္မဒူတအရှင်ဆေကိန္ဒ

No comments:
Post a Comment