Saturday, October 11, 2014

ယုံမှတ်လို့ ပုံအပ်လိုက်တော့



ဓာတ်ရိုက်-ဓာတ်ဆင်-လာဒ်လာဘရွှင်-ချစ်ခင်သူပေါချင်တာကြောင့် ဘ၀ပျက်ရရှာသောထိုင်းနိုင်ငံမှဖြစ်ရပ်မှန်သတင်း
အထက်ဆရာကြီးများအမူးထား၍ ဓါတ်ရိုက်-ဓါတ်ဆင်-လဒ်လာဘရွှင် ချစ်ခင်သူပေါအောင်လ..စွန့် သွားတဲ့ မောင်တော်ကို ပင်သုံးရက်အတွင်းပြန်ခေါ် ပေးမကွဲ့။ မလှလို့ စိတ်မဆင်းရဲနဲ့  ကိုမန်ထောင် ငါ့နတ်ရုပ်နဲ့  ကြောရင်သတ်လိုက်မဟဲ့.ချစ်ခင်သူပေါလို့ ...စိန်တွေ-ရွှေတွေပေါများစေဗျား.........။
ထိုင်းနိုင်ငံကနာမည်ကျော် ဘိုးတော် ကရပွေး တပါးက အင်တာနက်ဆိုဒ်မှာ သူ့ ရဲ့ ထူးခြားတဲ့ ဓါတ်ခန်းကြော်ငြာတွေကြောင့် နာမည်ကြီးလာတဲ့သူ.ပါ
...၊ တပည့်တပန်းတွေနဲ့  နတ်ကနားတွေအကြီးအကျယ်လုပ်နေတဲ့ ပုံတွေမကြာမကြာ သတင်းစာတွေမှာ ဖေါ်ပြရေးနေတာကိုတွေ့ ခဲ့ရတယ်...၊
16-03-2014 ဒီနေ့ သတင်းစာမှာတော့ သူပုံတွေခန်းခန်းနားနဲ့ ပါနေတာတွေလို့  ကြညိ့မိလိုက်တော့....အမယ်မင်း..ဘိုတော်ကရပွေး လက်ထိတ်ကြီးနဲ့ အဖမ်းခံရတဲ့အကြောင်းပါလာတာကိုး....။
သူ့ ကို ဖမ်းဘို့ ရဲကိုတိုင်ချက်ဖွင့်တာ မိန်းခလေး (၁၀)ဦးရဲ့  သက်သေထွက်ဆိုချက်နဲ့  သူ့ အိမ်ကို အမျိုးသမီးကာကွယ်စောင့်လျှောက်ရေး အဖွဲ့ နဲ့ အတူ့ ရဲတွေဝင်ဖမ်းတော့....လျိုဝှက်ဓါတ်ခန်းအတွင်းမှာ တရားမ၀င်ကိုင်ဆောင်ထားတဲ့သေနတ်တွေ-ဘဏ်စရင်းစာအုပ်နဲ့  သူကိုယ်တိုင်ရိုက်ကူးထားတဲ့ မိန်းခလေးတွေနဲ့  ကာမဆက်ဆံနေတဲ့ vdo ဖိုင်တွေပါရှာတွေ့ ပါတယ်။
ဆရာပွေး ရဲ့ အမှုကတော့ သူဓါတ်ခန်းကိုလာပြီး အားကိုးတကြီးနဲ့  ပွဲတင်-ဓါတ်ဆင်-ရတြာချေတဲ့ အမျိုးသမီးလေးတွေကို လျိုဝှက်ခမ်းထဲမှာ သမီးတော်လေးကို ဆန်းပွင့်အောင်..ဓါတ်ခန်းထဲမှာနတ်ရုပ်နဲ့ အသားနဲ့ ထိ ပွတ်ရမယ်...ပထမတော့ ရိုးရိုးပါဘဲ ...ဦးခေါင်းတွေလက်မောင်းတွေ..မျက်နှာတွေနတ်ရုပ်နဲ့ ပွတ်ရင်း ပါစပ်ကလည်း ကာထာတွေ ရွတ်ပေါ့....။ပွတ်ရင်းပွတ်ရင်း နဲ့ တကိုယ်လုံးပွတ်မှအစွမ်းထက်မယ် ဆိုပြီး ကိုယ်တုံးလုံးချွတ်ပေးရတဲ့ဘ၀ရောက်သွားပါရော..အားကိုးတကြီးနဲ့ လာမိရာက ကြောက်စရာနတ်ရုတ်ကြီးတွေရဲ့ေ၇ှ့ မှာ ကြောက်ကြောက်နဲ့ ယုံကြည်လိုက်လျှောမိလိုက်ပါရော....နောက်ဆုံးတော့ ဆရာပွေးကိုယ်လုံးကြီး ပါသူကိုယ် ပေါ်ရောက်တော့မှ...သူမှားသွားပြီးဆိုတာ သိတယ်..နောင်တ ရတာနောက်ကျသွားပြီးမိန်းခလေးရေ.....မင်းနဲ့ ဆရာပွေးတို့  ဓါတ်ခမ်းထဲ့မှာ လုံးထွေးနေတာကို ငပွေးရဲ့ မိန်းမက မှတ်တမ်းvdo ရိုက်ထားလိုက်တယ်လေ...
ထိုကဲ့သို့  မိမိကိုယ်ကိုဓါတ်ဖွင့်ခံလိုက်ရတဲ့ မိန်းခလေးပေါင်းများစွာထဲမှာ (၁၀)ယောက်လောက်သာ သတ္တိရှိရှိတိုင်ချက်ဖွင့်ရဲကြပါတယ်..၊သူတို့ အားလုံး အင်တာနက်ကနေ black mail (ချိန်းခြောက်ငွေတောင်း) ခံခဲ့ရတယ်.. တယောက်ကိုထိုင်းဘတ်ငွေ သိမ်းချီပြီးတောင်းပါတယ်မပေးရင် သူတို့  နဲ့ ဘိုးတော်ငပွေးတို့  ကာမဆက်ဆံတဲ့ VDOဖိုင်ကို သူတို့  အမျိုးသားတွေဆီကို ဖွင့်ချလိုက်မယ်။ ဒါမှမဟုတ်ရင် သူနတ်ရုပ်နဲ့ အပင်းချပြီးသတ်ပစ်မယ်ဘာညာပေါ့။
လူလိမ်ငပွေးကတော့လက်ထိတ်တန်းလန်းနဲ့ ပါသွားပါပြီ...မိမိတို့ နိုင်ငံက အယုံအကြည်လွယ်ပြီး ကိုးကွယ်လွယ်လွန်းတဲ့..လူကြီးမိဘများအနေနဲ့  စားမေးပွဲအောင်ဘို့ -ယောက်ကျားကောင်းရဘို့ -ဆန်းပွင့်ပြီး အလုပ်အကိုင်ကောင်းကောင်းရဘို့ အတွက်...........မိမိသားသမီးငယ်လေးတွေကို ဘိုးတော်-နတ်ဆရာ-ဘုန်းကြီးအတု တို့ ရဲ့  ဓါတ်ခန်းမှာ နှစ်ယောက်ထဲလွတ်မပေးကြဘို့ သတိပေးလိုက်ပါတယ်။
Credit by သတင်းချစ်သူ
 

No comments:

Post a Comment