Saturday, October 11, 2014

သီလညစ်ညူးခြင်း၊ ဖြူစင်ခြင်း

သီလညစ်ညူးခြင်းသည် သီလပြတ်ခြင်း၊ ပေါက်ခြင်းသဘော ဖြစ်သည်။ သီလမပြတ်၊ မပေါက်လျှင် သီလ ဖြူစင်၏။ သီလပြတ်ခြင်း၊ ပေါက်ခြင်းသည် လာဘ်လာ ဘ၏ အရှိအဝါ၊ အကျော်အစော စသည့်အကြောင်းရင်းရှိသော ပျက်စီးခြင်းဖြင့်
လည်းကောင်း၊ မေထုနုသံယောရတရား ခုနှစ်ပါးဖြင့်လည်း ဖြစ်၏။

လာဘ်ကြောင့် ကျိုးပြတ်ခြင်း၊ ပေါက်ခြင်း၊ ကြားခြင်း၊ ပြောက်ခြင်း၊ မရှိစေကာမူ
မေထုန်နှင့်စပ်သော အမှုခုနှစ်ပါးမှာ...
(၁) မာတုဂါမက မိမိကိုယ်ပေါ် မှီလာသည်ကို သာယာခြင်း၊ နင်းနှိပ်ပေးသည်ကို သာယာခြင်း၊ ရေချိုးပေးသည်ကို သာယာခြင်း။
(၂) မာတုဂါမနှင့် ပြင်းစွာ ရယ်မောနေရသည်ကို သာယာခြင်း.
(၃) မျက်စိချင်းဆိုင်၍ ကြည့်နေရသည်ကို သာယာခြင်း။
(၄) နံရံတစ်ဖက်မှ မာတုဂါမ၏ ရယ်သံ၊ စကားပြောသံ နားထောင်၍ သာယာမှု။
(၅) မာတုဂါမနှင့် စကားပြောခဲ့ဖူးသည်ကို အောက်မေ့ သာယာခြင်း။
(၆) ကာမဂုဏ်ငါးပါးနှင့် ပြည့်စုံသော သူကြွယ် (သို့) သူကြွယ်သား အဖြစ်ကို
တပ်မက်သာယာခြင်း။
(၇) နတ်အဖြစ်ကို သာယာတပ်မက်ခြင်း။
သီလဖြူစင်ခြင်းမှာ မကျိုးပြတ်ခြင်း၊ မပေါက်ခြင်း၊ ပျက်စီးသော်လည်း ကောင်းစွာ
ကုစားခြင်း၊ မေထုန်ငယ်ခုနှစ်ပါးနှင့် စပ်ယှက်မှုမရှိခြင်း၊ ထိုမှတစ်ပါး အမျက်ထွက်
ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ဂုဏ်ကျေးဇူး ခြေဖျက်ခြင်း၊ မနာလိုခြင်း၊ ဝန်တိုခြင်း၊ ထင်ရှား
သော အပြစ်ဖုံးလွှမ်းထားခြင်း၊ ဂုဏ်ထင်ပေါ်အောင် ပြုလုပ်ခြင်း အလိုနည်းခြင်းစ
သော ဂုဏ်တို့၌ စင်ကြယ်သည်ကို သီလဖြူစင်သည်မည်၏။
(သီလ သို့မဟုတ် ကိုယ်ကျင့်တရား စာအုပ်မှ)

No comments:

Post a Comment