Saturday, October 11, 2014

သူယုတ်မာနှင့်သူတော်ကောင်း


အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ပထမ
ခ တ သုတ်ကို အောက်ပါအတိုင်းဟောကြား
တော်မူသည်။
ဤလောက၌ လေးပါးသောတရားတို့နှင့်ပြည့်စုံ
သော မိုက်မဲသော၊ မလိမ္မာသောသူယုတ်သည်
မိမိကိုယ်ကို ဖျက်ဆီး၏။ ပညာရှိတို့ကို ကဲ့ရဲ့စွပ်
စွဲ၏။ မကောင်းမှုများစွာကို တိုးပွားစေ၏။
ထိုတရားလေးပါးတို့မှာ
၁။ ဉာဏ်ဖြင့်မစိစစ်ဘဲ မချီးမွှမ်းထိုက်သောသူကို
ချီးမွမ်း၏။
၂။ ဉာဏ်ဖြင့်မစိစစ်ဘဲ ချီးမွှမ်းထိုက်သောသူကို
ကဲ့ရဲ့ခြင်း။
၃။ ဉာဏ်ဖြင့်မစိစစ်ဘဲ မကြည်ညိုသင့်သောအရာ၌
ကြည်ညိုခြင်း။
၎။ ဉာဏ်ဖြင့်မစိစစ်ဘဲ ကြည်ညိုသင့်သောအရာ၌
မကြည်ညိုခြင်းတို့ဖြစ်သည်။
လေးပါးသောတရားတို့နှင့်ပြည့်စုံ၍ လိမ္မာသော
ပညာရှိသော သူတော်ကောင်းသည် မိမိကိုယ်ကို
မဖျက်ဆီး ပညာရှိတို့ကို မကဲ့ရဲ့မစွပ်စွဲ ကုသိုလ်
ကောင်းမှုများစွာတို့ တိုးပွားစေ၏။
ထိုတရားလေးပါးမှာ
၁။ ဉာဏ်ဖြင့်စိစစ်၍ ကဲ့ရဲ့ထိုက်သူကိုကဲ့ရဲ့ခြင်း။
၂။ ဉာဏ်ဖြင့် စိစစ်၍ ချီးမွှမ်းထိုက်သူကို ချီးမွှန်းခြင်း။
၃။ ဉာဏ်ဖြင့်စိစစ်၍ မကြည်ညိုအပ်သောအရာ၌
မကြည်ညိုခြင်း။
၎။ ဉာဏ်ဖြင့်စိစစ်၍ ကြည်ညိုသင့်သောအရာ၌
ကြည်ညိုခြင်းတို့ဖြစ်သည်ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ စတုတ္တနိပါတ်၊ ဘဏ္ဍ၀ါမ၀ဂ်
ပထမ ခတ သုတ်။
ဦးငွေအောင်မွန်
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီအေ၊ ဘီဒီအီး )

No comments:

Post a Comment