မေး ။ ။ ကြိုးစားပေမယ့် တရားမသိသေးပါ။
ပါရမီမရှိဘူးလို့ ထင်ပါတယ်။ ရှင်းပြပေးပါ။
ဖြေ။ ။ ကြိုးစားပေမယ့် တရားမသိသေးဘူး
ဆိုတာ ဖြစ်တတ်ပါတယ်။ ဘုရားရှင်ပင်လျှင်
ခြောက်နှစ်တိုင်တိုင် ကြိုးစားခဲ့ပါတယ်။ ဒုက္ကရ
စရိယာအကျင့်ကို ဘုရားဖြစ်ဖို့ကျင့်ခဲ့ပါတယ်။
ဒါပေမယ့် ဘုရားမဖြစ်ခဲ့ပါဘူး။
ဒုက္ကရစရိယာအကျင့်ကို စွန့်ပြီးတဲ့နောက်ကဆုန်
လပြည့်နေ့မှာ ထပ်ပြီးကြိုးစားတော့ ဘုရားအဖြစ်
ရောက်တော်မူခဲ့ပါတယ်။
ဒီနှစ်ခုကိုကြည့်ရင် ဘုရားရှင်သည်ပင် ဘုရား
အဖြစ်ကြိုးစားသော်လည်း နည်းမမှန်ရင်အကျိုး
မပြီး နည်းမှန်မှသာ အကျိုးပြီးတယ်လို့သိနိုင်ပါ
တယ်။
ဒါကိုပဲတချို့က ပါရမီမပြည့်သေးလို့၊ ပါရမီမရင့်
သေးလို့ လို ပြောကြပါတယ်။
ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့အပြုအမှုတွေ
အပြောအဆိုတွေ အကြံအစည်တွေကို ခေါ်ပါ
တယ်။
မြင့်မြတ်တဲ့အလုပ်ကြောင့် မြင့်မြတ်တဲ့ကောင်းကျိုး
တွေရနိုင်ပါတယ်။ ပါရမီဖြည့်တယ်ဆိုတာ ကြိုးစား
မှု ၀ီရိယလည်းပါရပါတယ်။
ပါရမီနဲ့ပတ်သတ်လို့ တရားအသိရဖို့ အချိန်တန်နေ
ပြီဖြစ်တဲ့ ရွှေပန်းတိမ်သည်တစ်ယောက်ကိုပညာ
ဉာဏ်ကြီးတဲ့ အရှင်သာရိပုတ္တထေရ် ကမ္မဋ္ဌာန်းအပေး
မှားလို့လည်း တရားမသိတာဖြစ်ခဲ့ဖူးပါတယ်။
နောက်ပြီး ပါရမီရှင်ဖြစ်တဲ့ ရှင်ဗာကုလအလောင်းလျာ
ကလေးငယ်ဘ၀က ရေထဲလွတ်မျောပြီးငါးကြီးဝမ်းထဲ
ရောက်၊ ငါးကြီးကိုမိ၊ ဗိုက်ခွဲ၊ အသက်ရှင်ရက်ကလေး
အဖြစ်ရနိုင်ခဲ့ပါတယ်။ ဒီဘ၀မှုာပဲ ရဟန္တာအရှင်မြတ်
ကြီး ဖြစ်သွားပါတယ်။
နောက်ပြီး ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ဗာရာဏသီ
သူဋ္ဌေးသားတစ်ယောက်ရှိတယ်။ ပညာမသင်၊
စီးပွားမရှာ၊ တရားအားမထုတ်ဘဲနေပါတယ်။
အသက်အရွယ်အိုမင်းတော့ ခွက်လက်ဆွဲပြီးတောင်း
စားရတဲ့အဆင့်ရောက်သွားတယ်။
ဒီသူဋ္ဌေးသားဟာ ရဟန္တာဖြစ်ဖို့ပါရမီပါတယ်။
ဖြစ်မသွားပါဘူး။ ပထမတန်းစားသူဋ္ဌေးကြီးဖြစ်
ဖို့ ပါရမီပါတယ်။ ဖြစ်မသွားပါဘူး။ ပညာလည်း
မရှာ။ ကြိုးလည်း မကြိုးစားလို့ ပါရမီတွေပျက်
သုန်းခဲ့ရတာပါ။
ကိုယ့်ပါရမီကို ဘယ်သူမှဖျက်စီးလို့မရပါဘူး။
ဒါပေမယ့် ကိုယ် ကိုယ်တိုင် ဖျက်စီးရင်လည်း
ပါရမီအားလုံးပျက်စီးပါတယ်။
ကြိုးစားပေမယ့် တရားမသိသေးတာဟာနည်း
မမှန်လို့လား။ ကိုယ့်ပါရမီတွေ ကိုယ်ဖျက်နေသ
လားလို့ ပြန်ကြည့်ပါ။
နည်းမမှန်ရင် နည်းမှန်အောင် ကြိုးစားပါ။
နည်းဆိုတာဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့နည်း
တွေပါပဲ။ ဒါပေမယ့် ကိုယ်နဲ့သင့်တော်တဲ့နည်းဆို
ရင် ကိုယ့်အတွက်နည်းမှန်ပါတယ်။ မသင့်တော်
တဲ့နည်းဆိုရင် နည်းမမှန်ပါဘူး။
သင့်တော်တယ်။ မသင့်တော်တယ်ဆိုတာကကြာ
ကြာထိုင်နိုင်လေ့ရှိတဲ့သူကို များများလမ်းလျှောက်
ခိုင်းရင် ကြာကြာထိုင်နိုင်လေ့မရှိသူကို ကြာကြာ
ထိုင်ခိုင်းရင် ဒါတွေဟာမသင့်တော်တဲ့သဘောတွေ
ပါ။
တရားအသိတွေတိုးတက်စေတဲ့နည်းဟာသင့်တော်
တဲ့နည်းပါ။ သတိ ၀ီရိယ ပညာတွေ တိုးပွားလာရင်
အားကောင်းလာရင် သင့်တော်တယ်လို့ခေါ်ပါတယ်။
ဒါကြောင့် ထိုင်ထိုင်၊ ရပ်ရပ်၊ သွားသွား၊ လှဲလှဲ၊ ဘယ်
လိုပဲနေနေ သတိ ၀ီရိယ အသိပညာတွေအားကောင်း
လာစေတဲ့ နည်းမျိုးကို လက်ကိုင်ထားသင့်ပါတယ်။
ဘုရားရှင်ကလည်း ၀ိပဿနာနဲ့ပတ်သတ်လို့ဘယ်
လို့ အမှုအရာတွေနဲ့ပဲဖြစ်ဖြစ် အားထုတ်စေခဲ့ပါတယ်။
နည်းပေးခဲ့ပါတယ်။
ကြာကြာထိုင်နိုင်ပေမယ့် သဘောကျတဲ့ လောဘ၊
မကြိုက်တဲ့ ဒေါသ၊ ဘာမှန်းညာမှန်းမသိတဲ့မောဟ
မျိုးတွေ ဖြစ်နေရင် ကြာကြာလမ်းလျှောက်ပေမယ့်
ကြာကြာရပ်ပေမယ့် အဲဒီလို ကိလေသာတွေဝင်နေ
ရင် မသင့်တော်တဲ့နည်းပါ။
ကိုယ်ကြိုက်တာကို ကိုယ်လုပ်ယူနေတာလား။
ဆရာခိုင်းတဲ့အတိုင်းလုပ်နေတာလား ဒါမှမဟုတ်
ကိုယ်နဲ့သင့်တော်တဲ့ အမှုအရာနဲ့ နေပြီးအသိဉာဏ်
တိုးစေတဲ့ သင့်တော်တဲ့ကမ္မဋ္ဌာန်းကို အားထုတ်နေ
တာလားလို့ ပြန်ကြည့်ပါ။ ဆန်းစစ်ပါ။
ပြောစရာတွေ အသေးစိပ်အများကြီးရှိပေမယ့်
ကြိုးစားတဲ့ပါရမီ၊ ၀ီရိယပါရမီကိုပြောပါမယ်။
ဝိပဿနာ ၀ီရိယကို အဓိကပြောပါမယ်။
သမ္မပ္ပဓာန်လုံ့လဟာ စိတ်ဝီရိယပါ။ ၀ိပဿနာ
ဝီရိယပါရမီပါ။ မဖြစ်သေးတဲ့ ကိလေသာအကုသိုလ်
တွေကို အ၀င်မခံ၊ အဖြစ်မခံတာ၊ ဖြစ်နေရင်လည်း
ချက်ချင်း ပယ်ဖျက်နိုင်တာ၊ မဖြစ်သေးတဲ့ကုသိုလ်
စိတ်တွေဖြစ်လာအောင် ဖြစ်နေပြီးတဲ့ ကုသိုလ်စိတ်
တွေကိုလည်း ထပ်ဆင့်တိုးပွားအောင်ကြိုးစားတဲ့
ဝီရိယဟာ စိတ်ဝီရိယပါ။ ၀ိပဿနာ ၀ီရိယလည်း
ဟုတ်တယ်။ ပါရမီဖြစ်စေတဲ့ ၀ီရိယလည်းဟုတ်ပါ
တယ်။
ကိုယ်ဝီရိယ အားကိုးပြီး စိတ်ဝီရိယတွေကို မတိုး
ပွားစေရင် ဒီလို ကြိုးစားမှုဟာမှန်ကန်တဲ့ဝီရိယ
လို့ မခေါ်နိုင်ပါဘူး။
စိတ်ဝီရိယကောင်းကောင်းနဲ့ ကြိုးစားရင်သတိ
ကောင်း၊ သမာဓိကောင်းတွေဖြစ်လာနိုင်ပါတယ်။
သမ္မာဒိဋ္ဌိဆိုတဲ့ ပညာတွေလည်းဖြစ်လာပြီးတရား
သဘောတွေကို သိလာပါတယ်။
ဒီလိုကြိုးစားနေခဲ့ရင် ၀ီရိယပါရမီဆိုတာ ဖြစ်လာ
ပါတယ်။ ပါရမီဓာတ်တွေရင့်သန်လာပါတယ်။
ပါရမီဆိုတာ ကိုယ်တိုင်ဖြည့်ရတာပါ။ ကြိုးစားရ
တာပါ။ ကြိုးစားရင်ပြည့်ပါတယ်။ ပါရမီရှိသူ၊ ရင့်
ကျက်သူဖြစ်လာပါတယ်။
ဒါကြောင့် ပါရမီပြည့်အောင် တရားသိအောင်
မှန်ကန်တဲ့နည်းနဲ့ ကြိုးစားပါ။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်း အမေးအဖြေများ(၂)

No comments:
Post a Comment