Saturday, October 11, 2014

မင်းနှစ်ပါးစစ်တိုက်ရာဝယ် နတ်တို့မကယ်နိုင်ပုံ


ကာလိင်္ဂမင်းနှင့် အဿကမင်းတို့ စစ်တိုက်ဖို့
စောင့်နေတဲ့ နေရာအနီးမှာ ဘုန်းကြီးတို့ဘုရား
အလောင်းတော်ကြီးလည်း ရသေ့ဘ၀နဲ့တရား
အားထုတ်နေတယ်။ သူတော်ကောင်းရသေ့ထံ
သိကြားမင်းလည်း မကြာခဏ တရားနာရောက်
တယ်။ ထိုအခါ ကာလိင်္ဂမင်းက သာမန်လူတစ်
ယောက်အနေအထားဖြင့် ရသေ့ထံသွားပြီးရင်းရင်း
နှီးနှီး စကားစမည်ပြောရင်း မင်းနှစ်ပါးစစ်တိုက်လျှင်
ဘယ်သူက နိုင်စရာရှိပါသလဲလို့ မေးတယ်။
ရသေ့က ငါ မသိဘူး။ ငါ့ဆီကို သိကြားမင်းလာ
လေ့ရှိတယ်။ သူ့ကိုမေးပြီးမှ ပြောမယ်။ မနက်ဖြန်
လာခဲ့လို့ မှာလိုက်တယ်။

သိကြားမင်းလာတဲ့အခါမေးတာ့ ကာလိင်္ဂမင်းဘက်က
နိုင်ပါလိမ့်မယ်။ ရှေ့ပြေးနိမိတ်တွေကထင်ရှားနေပါ
တယ်။ ကာလိင်္ဂမင်းရဲ့အစောင့်အရှောက်မတ်ကတစ်
ကိုယ်လုံး ဖြူသောနွားလား ဥသဘ ယောင်ဆောင်ပြီး
စစ်ထိုးကြပါလိမ့်မယ်။ ထိုအခါ ကာလိင်္ဂမင်းရဲ့နတ်
ဘက်ကဘဲ နိုင်ပါလိမ့်မယ်လို့ သိကြားမင်းကလျှောက်
သွားတယ်။
နက်ဖြန်ထိုလူလာတော့ ကာလိင်္ဂမင်းက နိုင်လိမ့်မယ်
ဆိုတာကို ပြောလိုက်လျှင်ပဲ ၀မ်းသာအားရဖြစ်ပြီးပြန်
သွားတယ်။ ရှေ့ပြေးနိမိတ်က ဘယ်လိုတွေ့ပါသလဲ
လို့ မမေးတော့ဘူး။ ဒီသတင်းဟာ စစ်တပ်အတွင်း
ပျံ့နှံ့သွားလို့ အဿကမင်းဘက်ကလည်းကြားသွား
တယ်။ ဒါနဲ့ အဿကမင်းစိတ်ပျက်နေကြောင်းကို
အရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ နန္ဒီသေနစစ်သူ
ကြီးက ရသေ့ဟောလိုက်ပုံနှင့်တကွကြားသိရသော
ရသေ့ထံသွားပြန်တယ်။ ရသေ့ကလည်း ကာလိင်္ဂမင်း
နိုင်လိမ့်မည်လို့ပဲပြောတယ်။ ရှေးပြေးနိမိတ်ကိုဘယ်
လိုမြင်ပါသလဲလို့မေးတော့ အစောင့်အရှောက်နတ်
များ ပါဝင်တိုက်ခိုက်မယ့်အကြောင်းကို ပြောလိုက်
တယ်။
နန္ဒီသေနစစ်သူကြီးဟာ ကောင်းပြီ ဆိုတဲ့သဘောနဲ့
ပြန်လာပြီး သူရဲကောင်းတစ်ထောင်ကို တောင်ထိပ်
ပေါ်ခေါ်သွားတယ်။ အမောင်တို့ မင်းတရားအတွက်
အသက်ကို စွန့်ဝံ့ကြပါသလား။ စွန့်ဝံ့ကြပါတယ်။
စွန့်ဝံ့လျှင် တောင်ထိပ်မှ ခုန်ချကြလို့ပြောတော့
အားလုံးက ခုန်ချမယ်လို့ လုပ်ကြတယ်။ ဒီအခါမှာ
စစ်တိုက်တဲ့အခါမှာသာ နောက်မဆုတ်တမ်းကြိုးစား
ကြပါလို့တိုက်တွန်း၍ ပြန်ဆင်းလာခဲ့တယ်။
ကာလိင်္ဂမင်းရဲ့စစ်တပ်ကတော့ ငါတို့ဧကန်နိုင်မှာ
ဘဲ ဆိုတဲ့သဘောနဲ့ ပေါ့ပေါ့ဆဆ နေကြတယ်။
နောက် စစ်တိုက်ခါနီးမှာ ရှင်ဘုရင်နှစ်ပါးမြင်းစီးပြီး
ထွက်လာလျှင်ဘဲ နတ်နှစ်ယောက်လည်း စစ်တိုက်
မယ့်ပုံဟန်ဖြင့် ရှေ့ကပါလာကြတယ်။ အဲဒီနတ်နှစ်
ယောက်ကို မင်းနှစ်ပါးသာမြင်တယ်။ အဿကမင်း
ရဲ့နတ်ကကြောက်နေပုံရသတဲ့။
ထိုအခါ စစ်သူကြီးက အဿကမင်းကို ဘာများ
ထူးထူးဆန်းဆန်းမြင်ပါသတုန်းလို့ တိုးတိုးမေး
တယ်။ နတ်နှစ်ယောက် စစ်တိုက်မယ်လို့ဟန်ပြင်
နေတာမြင်တယ်လို့ ပြောတယ်။ အရှင်မင်းမြတ်
သူ့ဘက်က နတ်ကိုသာ အရှင်မင်းမြတ်က ပစ်
ခတ်ပါ။ ကျွန်တော်တို့ သူရဲကောင်းတစ်ထောင်
ကလည်း အရှင်မင်းမြတ်ပစ်တဲ့နေရာကိုဘဲဝိုင်း
ပြီး ပစ်ပါ့မယ်လို့ပြောတော့ ကောင်းပြီဆိုပြီး
ကာလိင်္ဂမင်းရဲ့နတ်ကိုချည်း ၀ိုင်းချလိုက်ကြတာ
နတ်ဟာ အဲဒီနေရာမှာ ပွဲချင်းပြီးတာဘဲ။ ဧကန်
နိုင်မယ်ဆိုတဲ့ ရှင်ဘုရင်လည်း ပြေးရရှာရော။
အဲဒီလို သိကြားမင်းကိုယ်တိုင် ဧကန်နိုင်မယ်လို့
ဟောထားပေမယ့် လုံ့လ၀ီရိယမရှိတော့ ရှုံးရ
တယ်။ ဧကန်ရှုံးမယ်ဆိုတဲ့ဘက်ကလည်းလုံ့လ
ဝီရိယနှင့် အကြံကောင်းတော့ နိုင်တာဘဲ။
ဒါကြောင့် တကယ့်အရေးမှာ နတ်မကယ်နိုင်
ဘူးဆိုတာကို နားလည်ပြီး မိမိရဲ့အကြံဉာဏ်
နှင့် ကောင်းသော လုံ့လ၀ီရိယဟာနတ်ထက်
ပင် အားကိုးလောက်ပါတယ်ဆိုတဲ့ သင်ခန်းစာ
တစ်ရပ်ကို မှတ်သားကြပါ။
အရှင်ဇနကာဘိဝံသ
စစ်တပ်တရားတော်မှ

No comments:

Post a Comment